၂ သိန်းလောက်ပဲ ရှိတဲ့ Redmi 9A ကို နိုင်ငံတကာအတွက် ကြေညာပြီ

Redmi 9A ကို အာရှနိုင်ငံတချို့မှာ ကြေညာခဲ့ပြီးပြီ ဖြစ်ပြီး အခုတော့ နိုင်ငံတကာအတွက် မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ LCD Dot Drop Notch မျက်နှာပြင်နဲ့ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ 2GHz Octa Core MediaTek Helio G25 Processor မောင်းနှင်ထားပါတယ်။

ဈေးအရမ်းချိုတဲ့ အတွက် ကင်မရာက အရှေ့ ၁ လုံး၊ အနောက် ၁ လုံးပဲ ပါပါတယ်။ အရှေ့ဘက်မှာ 13MP နဲ့ အနောက်ဘက်မှာ 5MP ကင်မရာတွေ ပါပါတယ်။ Midnight Gray, Twilight Blue နဲ့ Peacock Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 3/64GB ကို ၁၃၉ ယူရိုနဲ့ 2/32GB ကို ၁၁၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၁ သောင်းနဲ့ ၁ သိန်း ၈ သောင်းလောက်ပဲ ရှိပါတယ်။

Redmi 9A specifications

• 6.53-inch (1600 x 720 pixels) HD+ 20:9 IPS LCD Dot Drop screen
• 2GHz Octa Core MediaTek Helio G25 processor with IMG PowerVR GE8320 GPU
• 2GB LPDDR4x RAM, 32GB (eMMC 5.1) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 11, upgradable to MIUI 12
• 13MP rear camera with LED flash
• 5MP front camera
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 802.11 b/g/n, Bluetooth 5, GPS + GLONASS, USB Type-C
• 5000mAh battery

Ref ; fonearena

%d bloggers like this: