SD720G ပါတဲ့ iQOO U1 ကို ကြေညာပြီ

Vivo ရဲ့ iQOO Brand က တရုတ်မှာ iQOO U1 ကို ကြေညာလိုက်ပြီး သူ့မှာ ၆.၅၃ လက်မ FHD+ LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ မျက်နှာပြင်နဲ့ ကိုယ်ထည် အချိုးဟာ ၉၀.၇၂ ရာခိုင်နှုန်း ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ Octa-core Snapdragon 720G SoC မောင်းနှင်ထားပြီး အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်ထားပြီး Android 10 အခြေပြု iQOO UI ပါလာပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပြီး 48MP Main , 2MP Depth , 2MP Macro တို့ ဖြစ်ပြီး အရှေ့ ကင်မရာက 8MP ဖြစ်ပါတယ်။ 4,500mAh ဘက်ထရီနဲ့ 18W Dual-Engine Flash Charge ပါလာပါတယ်။

iQOO U1 specifications

• Display: 6.53-inch (2340 × 1080 pixels) Full HD+ LCD 19.5:9 aspect ratio screen
• SoC: Octa Core Snapdragon 720G 8nm Mobile Platform (Dual 2.3GHz Kryo 465 A76 + Hexa 1.8GHz Kryo 465 A55 CPUs) with Adreno 618 GPU
• RAM: 6GB/8GB LPDDR4x
• ROM: 64GB / 128GB (UFS 2.1)
• OS: Android 10 with iQOO UI 1.0
• Dual SIM (nano + nano)
• Cameras: Rear – 48MP (primary with f/1.79 aperture) + 2MP (depth with f/2.4 aperture) + 2MP (macro with f/2.4 aperture); Video recording: 720P/1080P up to 60fps; 4K at 30fps
• Front- 8MP front-facing camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack
• Dimensions: 162.05×76.61×8.46mm; Weight:190g
• Connectivity: Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.1, GPS/GLONASS, micro USB
• Battery: 4500mAh (Minimum) with 18W dual-engine flash charge
• Colors: Star blue, Secret Black, Sunny frost white
Pricing and availability
• iQOO U1 6GB+64GB: 1198 yuan (US$ 171 / Rs. 12,880 approx.)
• iQOO U1 6GB+128GB: 1398 yuan (US$ 199 / Rs. 15,030 approx.)
• iQOO U1 8GB+128GB: 1598 yuan (US$ 228 / Rs. 17,180 approx.)

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၂ သိန်း ၃ သောင်းလောက်ရှိပြီး တရုတ်မှာ ၂၃ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: