Redmi 9 ကို နိုင်ငံတကာဈေးကွက်အတွက် ကြေညာပြီ

ဇွန်လက တရုတ်မှာ ကြေညာခဲ့တဲ့ Redmi 9 ကို နိုင်ငံတကာဈေးကွက်အတွက် ကြေညာလိုက်ပါတယ်။ 3/32GB ကို ၁၄၉ ယူရိုနဲ့ 4/64GB ကို ၁၆၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်း ၃ သောင်းနဲ့ ၂ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

အညို၊ အစိမ်းနဲ့ ခရမ်းရောင် ၃ မျိုးထုတ်လုပ်ထားပါတယ်။ Redmi 9 မှာ ၆.၅၃ လက်မ LCD FullHD+ မျက်နှာပြင်ပါလာပြီး Helio G80 SoC မောင်းနှင်ထားပါတယ်။ MIUI 11 ထည့်ထားပြီး MIUI 12 ရမှာပါ။ Notch မှာ 8MP ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main, 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးပါလာပြီး လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။

Redmi 9 မှာ 5,020mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ USB-C Port နဲ့ 18W Charging ထောက်ပံ့ထားပါတယ်။ ဒါပေမယ့် 10W Charger ပဲ ထည့်ထားတဲ့အတွက် ဒီထက်ပိုမြန်ချင်ရင် Charger ဝယ်ရမှာပါ။

Ref : gsmarena

%d bloggers like this: