၆ သောင်းကျော်ပဲ ရှိတဲ့ Xiaomi Mi TV Stick ကို ကြေညာပြီ

သတင်းတွေထွက်နေတဲ့ Android TV အသစ်ကို Xiaomi က ကြေညာလိုက်ပါပြီ။ Xiaomi Mi TV Stick လို့ နာမည်ပေးထားပြီး သင့်ရဲ့ ရိုးရိုးတီဗီကို စမတ်တီဗီ အဖြစ် ပြောင်းပေးနိုင်တဲ့ ကိရိယာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိရောင်းချထားတဲ့ Mi Box S လို 4K ကို မထောက်ပံ့ဘဲ FullHD ပဲ ထောက်ပံ့ထားပါတယ်။ အဲဒီအတွက်လည်း ပိုဈေးသက်သာပြီး ယူရို ၄၀ လောက်ပဲရှိပါတယ်။ မြန်မာငွေ ၆ သောင်းလောက်ပဲ ရှိပြီး ရောင်းမယ့်အချိန်ကို မသိရသေးပါဘူး။

သူ့မှာ Amlogic S905 Y2 Chipset မောင်းနှင်ထားပြီး 1GB RAM , 8GB Storage ပါပါတယ်။ သူနဲ့ Remote ကို Bluetooth 4.2 ကနေ ချိတ်ဆက်ရမှာ ဖြစ်ပြီး သူ့မှာ ပါတဲ့ HDMI 2.0 Plug နဲ့ တီဗီက HDMI Port မှာ ချိတ်ဆက်ရမှာပါ။ WiFi 5 ထောက်ပံ့ထားပါတယ်။

Remote မှာ Netflix, Amazon Prime Video နဲ့ Google Assistant တို့အတွက် သီးခြား ခလုတ်တွေ ပါပါတယ်။ Dolby Audio နဲ့ DTS Support တွေ ထောက်ပံ့ထားပါတယ်။ Mi TV Stick ရဲ့ 4K Version ကို Xiaomi က မပြောသေးပေမယ့် အရင်သတင်းတွေအရ ထွက်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: