Samsung က 6G ကို ၂၀၂၈ ခုနှစ်မှာ သုံးနိုင်မယ်လို့ ပြော

5G ကွန်ရက်တွေကို အခုမှ စတင် တည်ဆောက်နေဆဲ ဖြစ်ပြီး ကမ္ဘာမှာ 5G ရတဲ့ နေရာဟာ သိပ်မများသေးပါဘူး။ ဒါ့အပြင် 5G Devices များကလည်း ရှားပါးနေပါသေးတယ်။ ဒါပေမယ့် ဆမ်ဆောင်းကတော့ ဒီထက်မြန်နှုန်းမြင့်တဲ့ ဆဌမမျိုးဆက် 6G မိုဘိုင်း ကွန်ရက်ကို ဖန်တီးနေတဲ့ သတင်းတွေ ၂၀၁၉ ခုနှစ် ကတည်းက ထွက်ပေါ်လာခဲ့ပါတယ်။

အခုတော့ Samsung က “The Next Hyper-Connected Experience for All” လို့ခေါ်တဲ့ စာတမ်းကို ထုတ်ပြန်လိုက်ပြီး 6G ရဲ့ အနာဂတ်ကို ဟောကိန်းထုတ်လိုက်ပါတယ်။ Samsung က 6G ကို ၂၀၂၈ ခုနှစ်မှာ အစောဆုံး အနေနဲ့ စီးပွားဖြစ် ဝန်ဆောင်မှုပေးနိုင်မယ်လို့ ပြောပါတယ်။ ၂၀၃၀ ခုနှစ်မှာ အမြောက်အများ ဝန်ဆောင်မှုပေးနိုင်မှာပါ။

6G ရဲ့ အမြင့်ဆုံး အမြန်နှုန်းဟာ 1000 Gbps အထိ ရှိမှာ ဖြစ်ပြီး 5G ထက် အဆပေါင်း ၅၀ ပိုမြန်မှာပါ။ Samsung က 6G ကို လူတွေသာမက စက်တွေကပါ အသုံးပြုမှာ ဖြစ်ပြီး Mobile Hologram တွေအတွက် များစွာ အကျိုးရှိစေမှာပါ။ 5G ဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေကို များစွာ တိုးတက်ပြောင်းလဲစေမှာ ဖြစ်ပြီး 6G ဆိုရင်တော့ ဒီထက် လန်ထွက်နေမှာပါ။

Ref : gsmarena

%d bloggers like this: