Xiaomi က နောက်လမှာ 100W Wired Fast Charging နည်းပညာကို ကြေညာမည်

Xiaomi ရဲ့ 100W Fast Charging နည်းပညာအကြောင်း သတင်းတွေထွက်နေတာ ကြာပါပြီ။ ဖေဖော်ဝါရီလမှာ ကုမ္ပဏီရဲ့ အရာရှိ ၁ ယောက်က R&D အဖွဲ့ဟာ ဒီနည်းပညာကို အောင်မြင်စွာ ဖန်တီးနိုင်ဖို့ ကြိုးစားနေတယ်လို့ ကြေညာခဲ့ပါတယ်။ အခုတော့ နာမည်ကျော် Tipster ၁ ယောက်က Xiaomi ဟာ ဒီနည်းပညာကို အောင်မြင်စွာ ဖန်တီးနိုင်ပြီ ဖြစ်ပြီး လိုအပ်တဲ့ အစိတ်အပိုင်းတွေကို အမြောက်အများ ထုတ်လုပ်ပြီးပြီလို့ သတင်းပေးလိုက်ပါတယ်။

Xiaomi ရဲ့ 100W Fast Charging အတွက် လိုအပ်တဲ့ အစိတ်အပိုင်းကို Super Charge Turbo လို့ နာမည်ပေးထားနိုင်ပြီး ပြီးခဲ့တဲ့ လကပဲ Foxconn ရဲ့ စက်ရုံမှာ အမြောက်အများ ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။ အဆင်ပြေရင် Xiaomi ဟာ နောက်လမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

Digital Chat Station က Xiaomi ဟာ Fast Wireless Charging ကိုလည်း ဖန်တီးနေတယ်လို့ ဝီဘိုမှာ သတင်းပေးလိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ နောက်လမှာ Xiaomi က အဲဒီနည်းပညာ ပါတဲ့ စမတ်ဖုန်းတွေကို ကြေညာမလား၊ နည်းပညာတွေကိုပဲ ကြေညာမလား ဆိုတာ မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: