Bill Gates က COVID-19 ကာကွယ် ကုသဆေးကို ငွေကြေးချမ်းသာတဲ့ နိုင်ငံတွေ မဟုတ်ဘဲ လိုအပ်တဲ့ နိုင်ငံတွေကို ပံ့ပိုးပေးမယ်လို့ ပြော

Microsoft ရဲ့ ပူးတွဲတည်ထောင်သူ Bill Gates က COVID-19 ကာကွယ်ဆေးနဲ့ ကုသဆေးကို ငွေကြေးချမ်းသာတဲ့ နိုင်ငံတွေ မဟုတ်ဘဲ လိုအပ်တဲ့ နိုင်ငံတွေကို ပံ့ပိုးပေးမယ်လို့ ပြောပါတယ်။ သူက “ ကာကွယ်ဆေးနဲ့ ကုသဆေးတွေကို လိုအပ်တဲ့ နိုင်ငံတွေ အစား ငွေကြေးချမ်းသာတဲ့ နိုင်ငံတွေကို ဦးစားပေး ပံ့ပိုးပေးမယ်ဆိုရင် ဒီကပ်ရောဂါဟာ ပိုရှည်ကြာသွားမှာ ဖြစ်သလို ထိန်းချုပ်ရခက်သွားမှာပါ။ နိုင်ငံ့ခေါင်းဆောင်တွေဟာ ငွေကြေး အဓိက မထားဘဲ လိုအပ်တဲ့ နိုင်ငံတွေကို ဦးစားပေး ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ “ လို့ အွန်လိုင်းကနေ ကျင်းပတဲ့ COVID-19 ဆွေးနွေးပွဲမှာ ပြောပါတယ်။

WHO က လူသားတွေမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေး ၂၁ ခု ရှိနေပြီလို့ ဇူလိုင်လ ၆ ရက်နေ့က ပြောပါတယ်။ ကျန်းမာရေး ပညာရှင်တွေကလည်း နိုင်ငံတွေဟာ ကာကွယ်ဆေးကို အပြိုင်အဆိုင် လုနေကြပြီး လိုအပ်တဲ့ နိုင်ငံတွေကို ဦးစားပေး မပံ့ပိုးရင် ကပ်ရောဂါ ရှည်ကြာသွားမယ်လို့ သတိပေးထားပါတယ်။

Bill & Melinda Gates Foundation ဟာ COVID-19 သုတေသနအတွက် ဒေါ်လာ သန်း ၂၅၀ ထောက်ပံ့လှူဒါန်းထားပြီး ရောဂါ ရှာဖွေတာ၊ ကုသဆေးနဲ့ ကာကွယ်ဆေး ထုတ်လုပ်တာတွေကို သုတေသန ပြုလုပ်ကြမှာပါ။

Ref : theverge

%d bloggers like this: