SD865 ပါတဲ့ Samsung Galaxy S20 Lite

မကြာခင်က တောင်ကိုရီးယား မီဒီယာ ETNews က Galaxy S20 Lite ကို အောက်တိုဘာလမှာ ရောင်းမယ်လို့ သတင်းပေးလိုက်ပါတယ်။ အခုတော့ Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး Samsung One UI 2.5 နဲ့ Snapdragon 865 Chipset ပါလာမှာ ဖြစ်ပါတယ်။

မကြာခင်က အဲဒီဖုန်းကို Galaxy S20 Pen Edition လို့ ပြောတဲ့အတွက် Galaxy S20 Lite နာမည်နဲ့ ထွက်လာဖို့ မသေချာသေးပါဘူး။ Galaxy Note Series တွေမှာလို နာမည်အတိုင်းပဲ S Pen Stylus ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ တချို့ သတင်းတွေအရ S20 Fan Edition သို့မဟုတ် S20 Lite လို့ နာမည်ပေးထားနိုင်ပြီး အရင် ထွက်ခဲံတဲ့ သတင်းတွေအရ သူ့ရဲ့ တခြား Specs တွေကို မသိရသေးပါဘူး။

အခု သတင်းအရ Samsung က အဲဒီ စမတ်ဖုန်းကို ဒုတိယနှစ်ဝက်နဲ့ Note20 Series နဲ့ Galaxy Z Flip 5G Version ကို ဩဂုတ်လမှာ ကြေညာနိုင်ပါတယ်။ ဒါ့အပြင် Galaxy Fold 2 ကို စက်တင်ဘာလမှာ ချပြနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: