၂ သိန်းကျော်ပဲရှိတဲ့ Poco M2 Pro ကို ရောင်းပြီ

Poco က အိန္ဒိယမှာ စွမ်းရည်သင့် M2 Pro ကို အရင်တစ်ပတ်က ကြေညာခဲ့ပြီး အခုတော့ ရောင်းပေးလိုက်ပါပြီ။ အပြာ၊ အစိမ်းနဲ့ အနက်ရောင်တွေ ထုတ်လုပ်ပေးထားပြီး 4/64GB ကို ၁၃,၉၉၉ ရူပီး ၊ 6/64GB ကို ၁၄,၉၉၉ ရူပီးနဲ့ 6/128GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၅ သောင်း၊ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ သူနဲ့ ၁၃,၉၉၉ ရူပီးတန် Redmi Note 9 Pro ဟာ Specs အများစု တူညီကြပါတယ်။

သူ့မှာ ၆.၆၇ လက်မ Full HD+ LCD မျက်နှာပြင် ပါလာပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ SD720G Chipset မောင်းနှင်ထားပြီး 6GB RAM ပါလာပါတယ်။ 48MP , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးကို အနောက်ဘက်နဲ့ 16MP ကင်မရာကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာပြီး 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ၃၀ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

POCO M2 Pro specifications

• 6.67-inch (2400 × 1080 pixels) 20:9 Full HD+ LCD DotDisplay with Corning Gorilla Glass 5 protection
• Octa Core Snapdragon 720G 8nm Mobile Platform (Dual 2.3GHz Kryo 465 A76 + Hexa 1.8GHz Kryo 465 A55 CPUs) with Adreno 618 GPU
• 4GB / 6GB LPPDDR4x RAM with 64GB (UFS 2.1) storage, 6GB (LPPDDR4x) RAM with 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 11
• 48MP Samsung ISOCELL GM2 with f/1.79 aperture, PDAF, EIS, 0.8μm pixel size, LED flash, EIS, 8MP 119° ultra-wide angle lens, 5MP 2cm macro lens, 2MP depth sensor, 4k 30 fps video recording
• 16MP front camera
• Side-mounted fingerprint sensor, Infrared sensor
• 3.5mm audio jack, FM Radio, dual microphones
• Splash-proof (P2i coating)
• Dimensions: 165.75×76.68×8.8mm; Weight: 209g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz) 2 x 2 MIMO, VoWiFi, Bluetooth 5, GPS, NavIC, USB Type-C
• 5000mAh battery with 33W fast charging

Ref : fonearena

%d bloggers like this: