OnePlus Nord မှာ ၁၀၅ ဒီဂရီ Ultrawide ဆဲလ်ဖီး ကင်မရာ ပါမှာ သေချာပြီ

OnePlus Nord ရဲ့ သတင်းတွေ များစွာ ထွက်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ အခုတော့ Nord ရဲ့ အင်စတာဂရမ် အကောင့်မှာ Teaser ဗီဒီယို ၁ ခုကို တင်လိုက်ပြီး ၁၀၅ ဒီဂရီ Ultrawide ဆဲလ်ဖီး ကင်မရာ ပါမှာ သေချာသွားပါပြီ။ ဗီဒီယိုမှာ “ ဆဲလ်ဖီး စတစ်တွေ သုံးတဲ့အတွက် မတော်တဆမှု ဖြစ်ကာ ၁ နှစ်ကို လူ ၃ ထောင်လောက် အသက်သေဆုံးနေပါတယ်။ အဲဒီအတွက် OnePlus Nord မှာ ၁၀၅ ဒီဂရီ Ultrawide ဆဲလ်ဖီး ကင်မရာ ထည့်ပေးလိုက်ပါတယ်။ “ လို့ ပြောပြထားပါတယ်။

Nord ရဲ့ အရှေ့ဘက်မှာ 32MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားမယ်လို့ အရင်က သတင်းထွက်ထားပါတယ်။ OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က သူ့မှာ အနောက်ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာဟာ OIS ပါတဲ့ 48MP ဖြစ်မယ်လို့ သတင်းပေးထားပါတယ်။ ပင်မ ကင်မရာနဲ့အတူ 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာမှာပါ။

အရင်သတင်းတွေအရ OnePlus Nord ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၄ လက်မ ကနေ ၆.၅ လက်မ အတွင်းရှိမယ်လို့ သိရပါတယ်။ OLED မျက်နှာပြင်ဖြစ်နိုင်ပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ အခြေခံအနေနဲ့ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Amazon India က Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ သတင်းပေးထားပါတယ်။ Android 10 အခြေပြု Oxygen OS နဲ့ 4,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ OnePlus CEO Pete Lau က သူ့ကို ဒေါ်လာ ၅၀၀ အောက်နဲ့ ရောင်းမယ်လို့ မကြာခင်က အတည်ပြုလိုက်တဲ့အတွက် မြန်မာငွေ ၆ သိန်းလောက်ရှိနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: