5G Chip နယ်ပယ်မှာ ထိပ်တန်းကျစေတဲ့ နည်းပညာ အသစ်ကို တရုတ် ရှာတွေ့သွားပြီ

တရုတ် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ စတင်ကတည်းက နည်းပညာ နယ်ပယ်မှာ ပိုတိုးတက်အောင် အပြိုင်အဆိုင် ဖန်တီးလာကြပါတယ်။ အထူးသဖြင့် စမတ်ဖုန်း နယ်ပယ်မှာ အပြိုင်ကြဲလာကြပါတယ်။ အမေရိကန်နဲ့ အပေါင်းပါတွေက Huawei ကို စီးပွားရေး ပိတ်ပင်ခဲ့တဲ့အတွက် Huawei နဲ့ တရုတ် ကုမ္ပဏီတွေဟာ ရုန်းကန်လာကြပါတယ်။

အခုတော့ တရုတ်က 5G Chip နယ်ပယ်မှာ ထိပ်တန်းကျစေတဲ့ နည်းပညာ အသစ်ကို ရှာဖွေတွေ့ရှိသွားပါတယ်။ တရုတ် သိပ္ပံ အကယ်ဒမီ လက်အောက်က Suzhou Institute of Nano-tech and Nano-Bionics နဲ့ National Center for Nanoscience and Technology တို့က အရမ်းကို တိကျတဲ့ လေဆာ Lithography နည်းပညာကို ဖန်တီးနိုင်ခဲ့ပါတယ်။ Lithography Machine ဟာ Chip ထုတ်လုပ်ရာမှာ အဓိကကျတဲ့ နေရာက ပါဝင်နေတဲ့အတွက် ဒီတွေ့ရှိမှုဟာ အရမ်းကို အရေးပါပါတယ်။

ဒါပေမယ့် အခုလေ့လာတွေ့ရှိမှုဟာ သီအိုရီ အဆင့်မှာပဲ ရှိသေးပြီး ဒီနည်းပညာ တကယ်ဖြစ်လာဖို့ဆိုရင် နှစ်အနည်းငယ်နဲ့ ငွေကြေးများစွာ သုံးရဦးမှာပါ။ လက်ရှိမှာ တရုတ်ဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် Chipset နည်းပညာမှာ နောက်ကျကျန်နေပါသေးတယ်။ အခု ရှာဖွေတွေ့ရှိမှုကြောင့် တရုတ်ဟာ Chipset နယ်ပယ်မှာ ဆရာ ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gizmochina

%d bloggers like this: