Samsung Galaxy Tab A7 ကို ၂၂ ရက်နေ့ ကြေညာနိုင်

Samsung က Galaxy Tab S7 နဲ့ Galaxy Tab S7+ ကို ဒီလ ၂၂ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ မကြာခင်ကပဲ Samsung ရဲ့ နောက်ထပ် တက်ဘလက် ၁ လုံး ဖြစ်တဲ့ Galaxy Tab A7 ကို Bluetooth SIG နဲ့ အမေရိကန်က FCC မှာ မှတ်ပုံတင်လိုက်တဲ့အတွက် မကြာခင် မြင်ရဖို့ သေချာနေပါပြီ။

Bluetooth SIG မှာ Galaxy Tab A7 အတွက် WiFi မော်ဒယ် ၁ ခုနဲ့ LTE မော်ဒယ် ၃ ခုကို တွေ့ရပြီး Bluetooth 5.0 ထောက်ပံ့ထားမှာပါ။ FCC က စာရင်းအရ Galaxy Tab A7 ဟာ အမြင့် ၂၄၇.၆ မီလီမီတာနဲ့ အကျယ် ၁၅၇.၃၆ မီလီမီတာ ရှိမယ်လို့ သိရပါတယ်။ ထောင့်ဖြတ်အတိုင်းအတာက ၂၉၃.၃၇ မီလီမီတာ ဖြစ်ပါတယ်။ အဲဒီအတွက် မျက်နှာပြင် အရွယ်အစားဟာ ၁၀ လက်မလောက်ရှိမှာပါ။

FCC မှာ Galaxy Tab A7 ရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ပုံကြမ်း ၁ ခုကိုတွေ့ရပြီး အနောက်ကင်မရာ ၁ လုံးထဲ ထည့်သွင်းထားပါတယ်။ တက်ဘလက်ရဲ့ တခြား Specs တွေ များများစားစား မထွက်လာသေးပါဘူး။ Geekbench မှာ Exynos 9810 Chipset , Android 10 နဲ့ 4GB RAM ပါတဲ့ Galaxy တက်ဘလက် ၁ လုံးကို တွေ့နေရပါတယ်။ ဩဂုတ်လလောက်မှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: