၂၀၂၀ မှာ ရောင်းအား အကောင်းဆုံး Foldable ဖုန်း ဖြစ်လာတဲ့ Galaxy Z Flip

Samsung ဟာ Galaxy Fold ပြီးနောက် ဒုတိယမြောက် Foldable ဖုန်း ဖြစ်တဲ့ Galaxy Z Flip ကို ဒီနှစ် အစောပိုင်းမှာ ရောင်းချခဲ့ပါတယ်။ အခုတော့ DSCC (Display Supply Chain Consultants) ရဲ့ စစ်တမ်းအရ သူဟာ ၂၀၂၀ ရဲ့ ရောင်းအားအကောင်းဆုံး Foldable ဖုန်း ဖြစ်တယ်လို့ သိရပါတယ်။


Galaxy Fold လို မဟုတ်ဘဲ Galaxy Z Flip ဟာ ဒေါင်လိုက် ခေါက်ချိုး ဖုန်း ဖြစ်ပြီး SD855 Chipset မောင်းနှင်ထားပါတယ်။ ကွေးညွှတ်နိုင်တဲ့ AMOLED မျက်နှာပြင်ကို UTG(Ultra Thin Glass) နဲ့ ဖုံးအုပ်ထားတဲ့အတွက် ပထမမျိုးဆက် Galaxy Fold ရဲ့ CPI(Colorlesss Polyimide) ထက် ပို မာကျောပါတယ်။ ဒါ့အပြင် ပထမမျိုးဆက်ရဲ့ ၁၉၈၀ ဒေါ်လာထက် ဈေးသက်သာပြီး ၁၃၈၀ ဒေါ်လာပဲ ရှိပါတယ်။

နောက်ပိုင်းမှာလည်း ဒစ်စကောင့်တွေနဲ့ ရောင်းပေးခဲ့တဲ့အတွက် မူလ Galaxy Fold ထက် လူကြိုက်များလာတာပါ။ DSCC ရဲ့ တည်ထောင်သူနဲ့ လေ့လာဆန်းစစ်သူ Ross Young က UTG ထုတ်လုပ်တဲ့ SCHOTT ရဲ့ အောင်မြင်မှုလို့ သုံးသပ်ပါတယ်။ အဲဒီ UTG ကိုပဲ နောက်ထုတ်မယ့် Galaxy Z Fold 2 မှာ သုံးထားမှာပါ။

Ref : gizmochina

%d bloggers like this: