iPhone 12 အခြေခံ မော်ဒယ်ကို ၇၄၉ ဒေါ်လာနဲ့ ရောင်းမယ်လို့ သတင်းထွက်လာ

Apple က စက်တင်ဘာလမှာ iPhone အသစ်တွေကို ကြေညာလေ့ရှိတဲ့အတွက် iPhone 12 Series ကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ အခုတော့ တန်ဖိုးအနည်းဆုံး iPhone 12 ကို ၇၄၉ ဒေါ်လာနဲ့ ရောင်းနိုင်တယ်လို့ သတင်းထွက်လာတဲ့အတွက် မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်းလောက်ကျသင့်မှာပါ။ အရင်မျိုးဆက်ထက် ၅၀ ဒေါ်လာ ပိုများသွားနိုင်ပါတယ်။

ဈေးများသွားပေမယ့် 5G ပါလာတဲ့အတွက် Fans တွေက ဝမ်းသာအားရနဲ့ ဝယ်ကြမယ်လို့လည်း လေ့လာဆန်းစစ်သူက ပြောပါတယ်။ အဲဒီ အခြေခံမော်ဒယ်မှာ ၅.၄ လက်မ OLED မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၂ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

iPhone 12 Series ရဲ့ ဈေးတွေ အရင်ကလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ၆.၁ လက်မ မျက်နှာပြင်ပါတဲ့ iPhone 12 Pro ကို ၉၉၉ ဒေါ်လာ၊ ၆.၇ လက်မ မျက်နှာပြင် ပါတဲ့ iPhone 12 Pro Max ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သိရပါတယ်။

ref : gizmochina

%d bloggers like this: