Vivo X50 နဲ့ X50 Pro ကို နိုင်ငံတကာမှာ ရောင်းပြီ

Vivo X50 Series ကို တရုတ်မှာ ရောင်းပေးထားပေမယ့် တခြား နိုင်ငံတွေမှာ မရသေးပါဘူး။ အိန္ဒိယမှာ မကြာခင် ရောင်းပေးတော့မှာ ဖြစ်ပေမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။ မကြာခင်ကပဲ Vivo ဟာ X50 နဲ့ X50 Pro ကို ဇူလိုင်လ ၁၆၊ ၁၇ ရက်မှာ နိုင်ငံများစွာမှာ ရောင်းတော့မယ်လို့ သတင်းထွက်လာပါတယ်။ အခုတော့ ကမ္ဘောဒီးယားမှာ ရောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

X50 Pro+ ကိုတော့ နိုင်ငံတချို့မှာပဲ ရောင်းချနိုင်ပြီး အိန္ဒိယနဲ့ တရုတ်မှာ ရောင်းမှာ သေချာပါတယ်။ Vivo ဟာ X50 Series ထဲမှာ ဈေးအကြီးဆုံးနဲ့ စွမ်းရည် အမြင့်ဆုံး ဖြစ်တဲ့ X50 Pro+ ကို နောက်ပိုင်းကျမှ တခြားနိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။ X50 နဲ့ X50 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

Vivo X50

Vivo X50 မှာ တခြား X50 Series မှာလို Periscope Zoom မပါလာပေမယ့် ဒီဇိုင်းက လန်းပါတယ်။ ၇.၄၉ မီလီမီတာပဲရှိတဲ့အတွက် အပါးလွှာဆုံး 5G ဖုန်း ဖြစ်ပြီး Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ ၆.၅၆ လက်မ AMOLED မျက်နှာပြင်ထည့်ထားပြီး X50 Pro နဲ့ X50 Pro+ မှာလို 32MP ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပေမယ့် အလင်းဝင်ပေါက်က X50 Series ထဲမှာ အသေးငယ်ဆုံး ဖြစ်ပါတယ်။

အနောက်ဘက်မှာ X50 Pro မှာလို 48MP ကင်မရာ ပါလာပေမယ့် လက်ရှိ ထိပ်တန်း ဖုန်းတွေရဲ့ အဆင့်မြင့် နည်းပညာ အစား ရိုးရိုး OIS ပဲ ထည့်ထားပါတယ်။ 13MP Ultrawide Telephoto ကင်မရာ ပါလာတာက Pro နဲ့ တူညီပါတယ်။ တရုတ်မှာ 8/128GB ကို ၃,၄၉၈ ယွမ်နဲ့ 8/256GB ကို ၃,၈၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၈ သောင်းနဲ့ ၇ သိန်း ၆ သောင်းလောက် အသီးသီး ရှိပါတယ်။

Vivo X50 Pro

X50 Pro မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကင်မရာတွေ ပါလာပြီး ပင်မ ကင်မရာမှာ Gimbal-style Stabilization ထည့်ထားတဲ့အတွက် ပြိုင်ဖက်ဖုန်းတွေထက် ဗီဒီယိုတွေဟာ ပိုတည်ငြိမ်တယ်လို့ သိရပါတယ်။ သူ့မှာ 48MP ကင်မရာ Gimbal System က ရိုးရိုး OIS တွေထက် ပိုလန်းပါတယ်။ ပင်မ ကင်မရာကို တခြား ကင်မရာ ၃ လုံးနဲ့ အားဖြည့်ထားပြီး ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။

X50 Pro မှာ Curved OLED 1080×2376 မျက်နှာပြင် ပါလာပြီး Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 33W Fast Charging ထောက်ပံ့ထားတဲ့ 4,315mAh ဘက်ထရီ ထည့်ထားပြီး အနက်နဲ့ အပြာရောင်ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ 8/128GB ကို ၄,၂၉၈ ယွမ်နဲ့ 8/256GB ကို ၄,၆၉၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၄ သောင်းနဲ့ ၉ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ သူတို့ ၂ လုံးရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

Vivo X50 and X50 Pro specifications

• 6.56-inch (2376×1080 pixels) Full HD+ 19.8:9 E3 AMOLED 90Hz HDR10+ (curved for X50 Pro) display with 105% NTSC color gamut, DCI-P3, up to 1300 nit brightness
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB LPDDR4X RAM, 128GB (UFS 2.1) /256GB (UFS 2.1) storage
• Android 10 with Funtouch OS 10.5
• Dual SIM
• X 50 – 48MP rear camera with LED flash, f/1.6 aperture, Sony IMX598 sensor, four-axis OIS, 8MP 120° ultra-wide lens with f/2.2 aperture, 13MP portrait camera (50mm equivalent) with f/2.48 aperture, 5MP 1.5cm super macro with f/2.48 aperture
• X 50 Pro – 48MP rear camera with LED flash, f/1.6 aperture, Sony IMX598 sensor, super micro PTZ camera, 8MP 120° ultra-wide lens with f/2.2 aperture and 2.5cm macro, 8MP periscope camera for 5x optical, 10x hybrid and 60x digital zoom with f/3.4 aperture, 13MP portrait camera (50mm equivalent) with f/2.46 aperture
• 32MP front-facing camera with f/2.48 aperture
• In-display fingerprint sensor
• USB Type-C Audio, Hi-Res audio, AK4377A amp (X50 Pro only), 3 microphones for audio zoom
• X 50 – Dimensions: 159.54 × 75.39 × 7.55mm; Weight: 174.5g
• X50 Pro – Dimensions: 158.46 × 72.8 × 8.04mm; Weight: 181.5g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS/GLONASS/Beidou, NFC, USB Type-C
• X50 – 4200mAh (Typical) battery with 33W fast charging
• X50 Pro – 4315mAh (Typical) battery with 33W fast charging

Ref : gsmarena , fonearena

%d bloggers like this: