OPPO Find X2 Pro Lamborghini Edition ကို အိန္ဒိယမှာ ရောင်းပြီ

မိတ်ဆက်ပြီး ၄ လအကြာမှာတော့ OPPO Find X2 Pro Lamborghini Edition ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။ အဲဒီဖုန်းရဲ့ Specs တွေဟာ X2 Pro နဲ့ တူပေမယ့် Aventador SVJ Roadster ကားရဲ့ ဒီဇိုင်းကို သုံးထားပါတယ်။ ဒါ့အပြင် Limited Edition Box ထည့်ပေးထားပြီး Car Charger , TWS Earbuds , Case , Charger တွေ ပါပါတယ်။

OPPO က အိန္ဒိယ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။ တရုတ်မှာ ၁၉၀၀ ဒေါ်လာနဲ့ ရောင်းပေးထားပြီး မြန်မာငွေ ၂၅ သိန်းလောက်ရှိပါတယ်။ သူ့မှာ ၆.၇ လက်မ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါလာပါတယ်။

အနောက်ဘက်မှာ 48MP Main , 5x Optical Zoom ပါတဲ့ 13MP Periscope , 48MP Ultrawide ကင်မရာတွေ ထည့်ထားပါတယ်။ 12GB RAM နဲ့ 512GB Storage တွေ ပါလာပါတယ်။

Ref : gsmarena

%d bloggers like this: