OnePlus Nord ရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာ

OnePlus Nord ရဲ့ သတင်းတွေ များစွာ ထွက်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေညာနိုင်ပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံတွေထွက်ပေါ်လာပြီး ဖုန်း ဒီဇိုင်းကို သေချာလေ့လာလို့ရလာပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်အထက်မှာ ဆေးတောင့်ပုံ Punch Hole ပါလာပါတယ်။ OnePlus ရဲ့ တရားဝင် အင်စတာဂရမ် အကောင့်မှာ ဖုန်းအတွက် Meme ၁ ခုတင်ထားပြီး AMOLED မျက်နှာပြင် ပါလာမှာကို အတည်ပြုထားပါတယ်။

OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က သူ့မှာ အနောက်ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာဟာ OIS ပါတဲ့ 48MP ဖြစ်မယ်လို့ သတင်းပေးထားပါတယ်။ ပင်မ ကင်မရာနဲ့အတူ 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာမှာပါ။

Nord ရဲ့ အရှေ့ဘက်မှာ 32MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားမှာပါ။ မကြာခင်က သူ့ရဲ့ ပရိုမို ဗီဒီယို ၁ ခု ထွက်လာပြီး အရှေ့ ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားတာ မြင်ရပါတယ်။ ပါဝါ ခလုတ်ကို ညာဘက်မှာ တပ်ဆင်ထားပါတယ်။ လေးထောင့်ကွက်ထဲမှာ အနောက်ကင်မရာတွေကို ထည့်သွင်းထားပါတယ်။ ဒီသတင်းမှန်ခဲ့ရင် Nord ဟာ အရှေ့ ကင်မရာ ၂ လုံးပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။

Amazon India က Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ သတင်းပေးထားပါတယ်။ အရင်သတင်းတွေအရ OnePlus Nord ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၄ လက်မ ကနေ ၆.၅ လက်မ အတွင်းရှိမယ်လို့ သိရပါတယ်။ OLED မျက်နှာပြင်ဖြစ်နိုင်ပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ အခြေခံအနေနဲ့ 6GB RAM နဲ့ 128GB Storge ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Android 10 အခြေပြု Oxygen OS နဲ့ 4,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ OnePlus CEO Pete Lau က သူ့ကို ဒေါ်လာ ၅၀၀ အောက်နဲ့ ရောင်းမယ်လို့ မကြာခင်က အတည်ပြုလိုက်တဲ့အတွက် မြန်မာငွေ ၆ သိန်းလောက်ရှိနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: