Apple က iOS 14 နဲ့ iPadOS 14 Public Beta ကို ဖြန့်ချိလိုက်ပြီ

Apple က မကြာခင်ကပဲ iOS 14 နဲ့ iPadOS 14 ကို ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ Developer Build တွေကို ဖြန့်ချိပေးခဲ့ပါတယ်။ အခုတော့ iOS 14 နဲ့ iPadOS 14 Public Beta ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး Apple Beta Website မှာ စာရင်းပေးသွင်းပြီး ရယူနိုင်ပါပြီ။ Beta Build တွေ ဖြစ်တဲ့အတွက် Bugs တွေ ပါလာနိုင်ပါတယ်။

iOS 14 မှာ Video နဲ့ Face Time Call အတွက် Picture-in-picture ပါလာပြီး App ၁ ခုက Video ၁ ခုကို ဖွင့်ပြီး Home Gesture သုံးရင် PiP Window နဲ့ ဆက်ကြည့်နိုင်မှာပါ။ Siri ရဲ့ ဒီဇိုင်းကို ပိုကျစ်လစ်သေးငယ်အောင် ဖန်တီးထားပြီး အောက်ခြေမှာ Animation နဲ့ အထက်မှာ Cards တွေကို ပြသထားပါတယ်။ Siri ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကထက် ၂၀ ဆလောက် ဒေတာတွေ ပိုသိလာပါတယ်။ Google Translate လို ဘာသာပြန် လုပ်ဆောင်ချက် ပါလာပြီး နိုင်ငံခြား ခရီးသွားရင် အသုံးဝင်ပါတယ်။

Apple Messages App ဟာ လွန်ခဲ့တဲ့ ၁ နှစ်ကထက် ၄၀ ရာခိုင်နှုန်းကျော်လောက် Message တွေ ကိုင်တွယ်နိုင်ပါတယ်။ Apple Maps မှာ ဗြိတိန်၊ အိုင်ယာလန်နဲ့ ကနေဒါ တို့အတွက် ပိုကောင်းတဲ့ မြေပုံသတင်းအချက်အလက်တွေကို ဒီနှစ်နှောင်းပိုင်းမှာ ထည့်ပေးမှာပါ။ Guides က စားသောက်ဆိုင်၊ အထင်ကရ တည်နေရာတွေကို ရှာဖွေပေးနိုင်လာပါတယ်။

CarPlay ဟာ သင့် iPhone ကို ကားသော့လို သုံးနိုင်စေလာပြီး 2021 BMW 5 Series တွေမှာ အရင်ဆုံး သုံးနိုင်မှာပါ။ NFC နဲ့ အလုပ်လုပ်တာ ဖြစ်ပြီး ဖုန်းကို နှိပ်လိုက်တာနဲ့ ကားတံခါး ဖွင့်ပေးမှာပါ။ iMessage ကနေ ကားသော့ကို မျှဝေနိုင်ပါတယ်။ App Store မှာ App Clips ပါလာပြီး Android Slices လို အင်စတော လုပ်စရာ မလိုဘဲ App ကို မြည်းစမ်းနိုင်မှာပါ။ ဖိုင်နယ် ဗားရှင်းကို ဒီနှစ်နှောင်းပိုင်းမှာ iPhone 6s နဲ့ သူ့အထက် ဖုန်းတွေအတွက် ဖြန့်ချိပေးမှာပါ။

Ref : gsmarena

%d bloggers like this: