Samsung Galaxy Note20 ရဲ့ S Pen ကို Pointer လို သုံးနိုင်မည်

Samsung Galaxy Note20 Series ကို ဩဂုတ် ၅ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Galaxy Note20 နဲ့ Galaxy Note20 Ultra (or Note20+) တွေ ဖြစ်ပါတယ်။ အခုတော့ S Pen မှာ Pointer လို သုံးနိုင်မယ့် Software Feature ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

ဒီသတင်းကို တွစ်တာ သုံးသူ Jimmy Is Promo က မျှဝေလိုက်တာ ဖြစ်ပြီး သူက Note20 နဲ့ S Pen ဓါတ်ပုံကို တွစ်တာမှာ တင်ထားပါတယ်။ ဓါတ်ပုံ ၁ ပုံမှာ Note20 ရဲ့ Settings Menu မှာ S Pen Pointer Section ကို ပြသထားပြီး Pointer Speed ကို စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။

S Pen Pointer နဲ့အတူ စကရင်မှာ Icons တွေကို ရွေးချယ်တာ၊ UI မှာ Navigate လုပ်တာ၊ နေရာတစ်ခုကို Highlight လုပ်တာတွေကိုပါ ပြုလုပ်နိုင်မှာပါ။ Pointer ကို နေရာရွှေ့ဖို့အတွက် Pen Button ကို ဖိထားပြီး S Pen ကို လှုပ်ရှားရမှာပါ။

Ref : gsmarena

%d bloggers like this: