Huawei Enjoy 20 ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီ

Huawei Enjoy 20 ရဲ့ ဓါတ်ပုံတွေ မနေ့က ပေါက်ကြားထွက်ပေါ်လာပြီး ဖုန်း မျက်နှာပြင်ကို မြင်ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို စက်ဝိုင်းပုံထဲမှာ ထည့်ထားပြီး ဆဲလ်ဖီး ကင်မရာအတွက် Notch နဲ့ Punch Hole တွေ မမြင်ရပါဘူး။ ဒီနေ့လည်း သူ့ရဲ့ ဓါတ်ပုံတွေထွက်လာပြီး မနေ့ကထွက်လာတဲ့ ဒီဇိုင်းနဲ့ တူပါတယ်။

Huawei Enjoy 20 Pro ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး 5G ပါတဲ့ MediaTek Dimensity 800 Chipset ထည့်ထားပါတယ်။ Android 10 အခြေပြု EMUI 10.1 ပါလာပြီး Google Services တော့ မပါပါဘူး။ Huawei Mobile Services ပဲ ထည့်ထားပါတယ်။ Enjoy 20 မှာတော့ Huawei ထုတ် HiSilicon Kirin 820 Chipset , 8GB RAM နဲ့ 128GB Storage ထည့်ထားနိုင်ပါတယ်။ ၆.၆၃ လက်မ LCD FHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Notch or Punch Hole မပါလာနိုင်ပါဘူး။

သူ့မှာ Pop Up ဆဲလ်ဖီး ကင်မရာနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားနိုင်ပါတယ်။ အနောက်ကင်မရာတွေထဲမှာ 48MP Main ပါလာနိုင်ပြီး 22.5W Fast Charging ပါတဲ့ 4,300mAh ဘက်ထရီ ထောက်ပံ့ထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: