၂၂ ရက်နေ့မှာကြေညာတော့မယ့် Lenovo ရဲ့ ပထမဆုံး Gaming ဖုန်း

Lenovo ဟာ Legion Brand ကနေ ပထမဆုံး Gaming ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ Teaser တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက ဒီလ ၂၂ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Lenovo Legion Phone လို့ နာမည်ပေးထားပြီး ပူပူနွေးနွေး ကြေညာထားတဲ့ Snapdragon 865+ Chipset မောင်းနှင်ထားမှာပါ။ 144Hz Refresh Rate နဲ့ 270Hz Touch Sampling Rate ပါလာနိုင်တဲ့အတွက် ဂိမ်း ကစားရင် ရှယ်လန်းမှာပါ။

မကြာခင်ကလည်း ဝီဘိုမှာ Teaser ၁ ခု မျှဝေလိုက်ပြီး သူဟာ အလျားလိုက်သုံးဖို့ ဒီဇိုင်းထုတ်ထားတာပါ။ အရင်သတင်းတွေအရ ဘေးဘက်မှာ Pop Up ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက် အလယ်နားမှာ ပင်မ ကင်မရာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Landscape Mode နဲ့ သုံးရင် ပိုပြီး ကောင်းအောင် UI ကို ဖန်တီးထားပြီး Settings Menu နဲ့ Sub Menu ကို ဘေးချင်းယှဉ်ပြသပေးထားပါတယ်။ သူ့မှာ 55W Fast Charging နဲ့ 5G ဆက်သွယ်မှု ပါလာမှာပါ။

မကြာခင်က Lenovo China Mobile ရဲ့ GM Chen Jin က Legion Gaming ဖုန်းမှာ အလန်းစား Cooling နည်းပညာ ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ နည်းပညာရဲ့ သတင်းအချက်အလက် အသေးစိတ်ကို သူက မပြောသေးပေမယ့် ပြိုင်ဖက် Gaming ဖုန်းတွေထက် ပိုကောင်းမယ်လို့ သူက ပြောပါတယ်။ Lenovo ဟာ Gaming PC လောကမှာ ဆရာတစ်ဆူ ဖြစ်တဲ့အတွက် Gaming စမတ်ဖုန်း နယ်ပယ်မှာ အောင်မြင်လာမလား ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena

%d bloggers like this: