SD765G , 120Hz Refresh Rate ပါတဲ့ iQOO Z1x 5G ကို ကြေညာပြီ

Vivo ရဲ့ iQOO Brand က တရုတ်မှာ 5G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ၆.၅၇ လက်မ FHD+ 20:9 LCD မျက်နှာပြင် ပါလာပါတယ်။ Screen to body Ratio က ၉၀.၄ ရာခိုင်နှုန်းရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင် မျက်နှာပြင် တုန့်ပြန်မှုက လန်းပါတယ်။ SD765G Chipset မောင်းနှင်ထားပြီး 8mm Liquid Cooling Tube နဲ့ Cooling Turbo နည်းပညာတွေကြောင့် ဂိမ်းကစားရင် အပူလျှော့ချပေးပါတယ်။

5G ထောက်ပံ့ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာက ၀.၁၆ စက္ကန့်အတွင်းမှာ အလုပ်လုပ်ပါတယ်။ အနောက်ဘက်မှာ 48MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ပါပါတယ်။ 33W Flash Charge 2.0 ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး မိနစ် ၃၀ အတွင်းမှာ ၅၂ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

iQOO Z1x 5G specifications

• 6.57-inch (2408 × 1080 pixels) Full HD+ LCD 20:9 aspect ratio screen with HDR10+, 96% NTSC Colour Gamut, 120Hz refresh rate
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB LPDDR4x RAM with 64GB / 128GB (UFS 2.1) storage / 8GB LPDDR4x RAM with 128GB / 256GB (UFS 2.1) storage
• Android 10 with iQOO UI 1.0
• Dual SIM (nano + nano)
• 48MP primary camera with LED flash, f/1.79 aperture, EIS, 2MP macro and 2MP depth sensor with f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack
• Dimensions: 164.20×76.50×9.06mm; Weight:199.5g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.1, GPS/GLONASS, USB Type-C
• 5000mAh (Typical) / 4880mAh (Minimum) battery with 33W fast charging

အနက်၊ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ပေးထားပြီး 6/64GB ကို ၁,၅၉၈ ယွမ်၊ 6/128GB ကို ၁,၇၉၈ ယွမ်၊ 8/128GB ကို ၁,၉၉၈ ယွမ် နဲ့ 8/256GB ကို ၂,၂၉၈ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ ၃ သိန်းလောက်ပဲ ရှိပြီး တရုတ်မှာ ရောင်းပေးနေပါပြီ။

Ref : fonearena

%d bloggers like this: