realme C11 ကို ၁၄ ရက်နေ့ အိန္ဒိယမှာ ကြေညာမည်

realme က မလေးရှားမှာ C11 ကို အရင်တစ်ပတ်က ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ ၁၄ ရက်နေ့ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ realme ရဲ့ လူမှုကွန်ရက် အကောင့်တွေကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။ သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

၆.၅ လက်မ HD+ Mini-drop မျက်နှာပြင် ပါလာပါတယ်။ Screen to body Ratio က ၈၈.၇ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် တန်ဖိုးနည်း ဖုန်းပေမယ့် ဒီဇိုင်းက မိုက်ပါတယ်။ MediaTek Helio G35 SoC မောင်းနှင်ထားပြီး Android 10 အခြေပြု realme UI အုပ်ထားပါတယ်။ အနောက်ဘက်မှာ 13MP နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။

အနောက်ဘက်မှာ Texture ပါတဲ့အတွက် ဒီဇိုင်းက ဆန်းသလို လက်ဗွေရာ မထင်ပါဘူး။ သူ့မှာ လက်ဗွေရာ ကိရိယာတော့ မပါဘဲ 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။

realme C11 specifications

• 6.52-inch (1600 x 720 pixels) HD+ 20:9 mini-drop display with Corning Gorilla Glass 3+ protection
• 2.3GHz Octa Core MediaTek Helio G35 12nm processor with IMG PowerVR GE8320 GPU
• 2GB LPDDR4x RAM, 32GB (eMMC 5.1) storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• realme UI based on Android 10
• 13MP rear camera with f/2.2 aperture, LED flash, PDAF, 2MP depth sensor
• 5MP front-facing camera
• Splash resistant (P2i coating)
• 3.5mm audio jack, FM Radio
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS/ GLONASS/ Beidou
• 5000mAh battery

Mint Green နဲ့ Pepper Gray ၂ ရောင် ထုတ်လုပ်ထားပြီး မြန်မာငွေ ၁ သိန်း ၄ သောင်းလောက်ပဲရှိပါတယ်။

Ref : fonearena

%d bloggers like this: