Snapdragon 865+ ပါမှာ သေချာသွားတဲ့ Asus ROG Phone 3

Asus က ROG Phone 3 ကို ၂၂ ရက်နေ့ ကြေညာမယ်လို့ မကြာခင်က အတည်ပြုလိုက်ပါတယ်။ မိတ်ဆက်ပွဲကို အွန်လိုင်းကနေ ကျင်းပမှာ ဖြစ်ပြီး Asus က သူ့ရဲ့ Specs တွေကို ဘာမှ မပြောသေးပါဘူး။ အခုတော့ Snapdragon 865+ Chipset ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ Asus က ဒီသတင်းကို တွစ်တာမှာ ဗီဒီယို ၁ ခုနဲ့ မျှဝေခဲ့တာ ဖြစ်ပေမယ့် အခုတော့ ဗီဒီယိုကို ပြန်ဖျက်ထားပါတယ်။ 865+ ဟာ Snapdragon 865 ရဲ့ Overclocked Version ဖြစ်နိုင်ပါတယ်။


သူ့ကို TENAA မှာ တွေ့နေရပြီး Specs အပြည့်အစုံကို မကြာခင်က သိလာရပါပြီ။ သူ့မှာ ၆.၅၉ လက်မ FHD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။ 12GB RAM နဲ့ 256GB Storage , Android 10 , 5,800mAh ဘက်ထရီတွေ ထည့်သွင်းထားမှာပါ။

သူ့မှာ မကြေညာရသေးတဲ့ Snapdragon 865+ Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပြီး 144Hz Refresh Rate ထည့်ထားမှာ ဖြစ်တဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်းလန်းမှာပါ။ 30W Fast Charging ထောက်ပံ့တဲ့ 6,000mAh ဘက်ထရီ ထည့်ထားမှာပါ။

ကင်မရာ ဒီဇိုင်းက အရင်မျိုးဆက်နဲ့ မတူတော့ဘဲ အားလုံးပေါင်း ကင်မရာ ၃ လုံးလောက် ပါလာနိုင်ပြီး 64MP ပင်မ ကင်မရာနဲ့အတူ Ultrawide နဲ့ Telephoto ကင်မရာ ၂ လုံး ထည့်ထားနိုင်ပါတယ်။ အနောက်ကင်မရာတွေကို အလျားလိုက် တပ်ဆင်ထားပါတယ်။

Ref : gsmarena

%d bloggers like this: