SD765 နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Moto G 5G Plus ကို ကြေညာ

Motorola က စွမ်းရည်သင့် Moto G 5G Plus ကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၇ လက်မ CinemaVision Full HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်ထားပါတယ်။ HDR10 နဲ့ 21:9 Aspect Ratio ထောက်ပံ့ထားပြီး Dual Punch Hole Selfie ကင်မရာပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ Quad Pixel နည်းပညာ ပါတဲ့ 16MP Main နဲ့ 8MP Ultrawide ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

SD765 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ပါတယ်။ အနောက်ဘက်မှာ 48MP Main အပါအဝင် ကင်မရာ ၄ လုံး ထည့်ထားပါတယ်။ 20W TurboPower Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်းနဲ့ အားသွင်းနှုန်းက လန်းမှာပါ။

Moto G 5G Plus specifications
• 6.7-inch (1080 × 2520 pixels) Full HD+ LCD 21:9 aspect ratio HDR10 display with 90Hz refresh rate, Corning Gorilla Glass 5 protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765 7nm EUV Mobile Platform with Adreno 620 GPU
• 4GB LPPDDR4x RAM with 64GB UFS 2.1 storage / 6GB LPPDDR4x RAM with 128GB UFS 2.1 storage, expandable memory up to 1TB
• Dual SIM (2 nano SIM + 1 microSD)
• Android 10
• 48MP rear camera with f/1.7 aperture, Quad pixel technology, 8MP 118° ultra-wide angle lens with f/2.2 aperture, 5MP macro camera with f/2.2 aperture, 2MP depth sensor with f/2.2 aperture, 4K 30fps, 1080p 60fps
• 16MP front-facing camera with f/2.0 aperture, 8MP ultra-wide angle lens with f/2.2 aperture
• Side-mounted fingerprint sensor
• 3.5mm headset jack, Bottom-ported loudspeaker, Smart PA
• Water-repellent
• Dimensions:168 x 74 x 9mmmm; Weight: 207g
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS (L1+L5), GLONASS, Galileo, NFC, USB Type-C
• 5000mAh battery with 20W TurboPower fast charging

Surfing Blue အရောင်ထုတ်လုပ်ထားပြီး 4/64GB ကို ၃၄၉ ယူရို၊ 6/128GB ကို ၃၉၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၃ သောင်းနဲ့ ၆ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: