တရုတ်မှာ အလုံးရေ ၃ သန်းကျော် ရောင်းချထားနိုင်တဲ့ Redmi K30 Series

Redmi က K30 Series စမတ်ဖုန်း ၄ မျိုးကို ထုတ်လုပ်ရောင်းချပေးနေပြီး သူတို့ရဲ့ ရောင်းအားဟာလည်း အရမ်းလန်းနေပါတယ်။ တရုတ်မှာ မတ်လအထိ အလုံးရေ ၁ သန်းကျော်ရောင်းချနိုင်ခဲ့ပြီး အခုတော့ ၃ သန်းကျော်သွားပြီလို့ Redmi က ကြေညာလိုက်ပါတယ်။ Redmi က ဒီအောင်မြင်မှုအတွက် ဇူလိုင်လ ၈ ရက်ကနေ ၁၂ ရက်အတွင်းမှာ Xiaomi တရားဝင် စတိုးကနေ K30 6/128GB ကို ၁,၃၉၉ ယွမ် ၊ 8/128GB ကို ၁,၅၉၉ ယွမ်နဲ့ ဈေးလျှော့ရောင်းပေးနေပါတယ်။

နောက်ထပ် K30 Series အသစ် ၁ လုံးဖြစ်တဲ့ K30 Ultra ရဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ အဲဒီ ဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ Cezanne ဖြစ်ပြီး ဒါဟာ Redmi K30 Ultra လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းမှာ အနောက်ကင်မရာ ၄ လုံးနဲ့ Pop-up Selfie ကင်မရာ ၁ လုံး ပါလာမယ်လို့ ကုဒ်တွေမှာ တွေ့ရပါတယ်။ ပင်မ ကင်မရာဟာ 64MP ဖြစ်ပြီး တခြား ကင်မရာတွေကို မဖော်ပြထားပါဘူး။

အဲဒီ စမတ်ဖုန်းမှာ MediaTek Processor ပါလာမှာ ဖြစ်ပြီး 5G ထောက်ပံ့တဲ့ Dimensity 1000 ဖြစ်မယ်လို့ ထင်ပါတယ်။ 64MP ကင်မရာ ဖြစ်တဲ့အတွက် ပိုစွမ်းရည်မြင့်တဲ့ Processor ထည့်သွင်းထားမှာပါ။

Digital Chat Station ဟာ 144Hz Refresh Rate , Dimensity 1000 Chipset နဲ့ 64MP Sony IMX686 ကင်မရာတွေ ပါတဲ့ Redmi ဖုန်း အသစ် ၁ လုံး လာမယ်လို့ ပြောထားကြောင်း XDA က အသိပေးထားပါတယ်။ ဒါပေမယ့် XDA က အဲဒီ သတင်း ၂ ခုဟာ တူညီသလားဆိုတာ မသေချာသေးဘူးလို့ ပြောပါတယ်။

Ref : gsmarena

%d bloggers like this: