OPPO Reno4 Pro ကို မကြာခင် အိန္ဒိယမှာ ကြေညာမည်

တရုတ်မှာ ပြီးခဲ့တဲ့လ အစောပိုင်းက ကြေညာခဲ့တဲ့ OPPO Reno4 Pro ကို အိန္ဒိယမှာ ဒီလ ၂၀ နဲ့ ၂၄ ရက်အတွင်း ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ Pro နဲ့အတူ ရိုးရိုး Reno4 ကိုပါ ချပြမလားဆိုတာ မသိရသေးသလို အိန္ဒိယ ရောင်းဈေးကိုလည်း မသိရသေးပါဘူး။

Reno4 အတွက် Diamond Blue, Mirror Black နဲ့ Taro Purple အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ 8/128GB ကို ၂,၉၉၉ ယွမ်နဲ့ 8/256GB ကို ၃,၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၉ သောင်းနဲ့ ၆ သိန်း ၅ သောင်း အသီးသီး ကျသင့်မှာပါ။ Reno4 Pro အတွက် Diamond Blue, Diamond Red, Mirror Black, Titanium Blank နဲ့ Green Glitter အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၃,၇၉၉ ယွမ်နဲ့ 12/256GB ကို ၄,၂၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၅ သောင်းနဲ့ ၈ သိန်း ၅ သောင်း အသီးသီး ကျသင့်မှာပါ။

ဖုန်း ၂ လုံးစလုံးမှာ Snapdragon 765G Chipset မောင်းနှင်ထားပြီး 5G ပါပါတယ်။ Reno4 မှာ ၆.၄ လက်မ FHD+ မျက်နှာပြင်ပါလာပြီး Screen to body Ratio က ၉၀.၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Reno4 Pro မှာ ၆.၅ လက်မ FHD+ AMOLED Flexible မျက်နှာပြင် ထည့်ထားပြီး 90Hz Refresh Rate , 180Hz Touch Sampling Rate ပါပါတယ်။ Screen to body Ratio က ၉၃.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဖုန်း ၂ လုံးစလုံးရဲ့ အနောက်မှာ Laser Autofocus ပါတဲ့ 48MP ကင်မရာတွေ ပါလာပေမယ့် Pro မှာပဲ OIS ထည့်ထားပါတယ်။ Reno4 မှာ 8MP Ultrawide နဲ့ 2MP Mono ကင်မရာတွေနဲ့ အားဖြည့်ထားပြီး Pro မှာ 13MP Telephoto (5x Hybrid Zoom, 20x Digital Zoom) , 12MP Ultrawide ကင်မရာတွေ အပို ထည့်ထားပါတယ်။ ဖုန်း ၂ လုံးမှာ 32MP ဆဲလ်ဖီး ကင်မရာတွေ ပါလာကြပြီး Reno4 မှာ Portrait အတွက် 2MP Depth ကင်မရာ အပို ထည့်ထားပါတယ်။ Reno4 နဲ့ Reno4 Pro မှာ 4,020mAh နဲ့ 4,000mAh ဘက်ထရီတွေ အသီးသီး ထည့်သွင်းထားကြပြီး 65W Super Flash Charge Fast Charging ပါလာကြပါတယ်။

OPPO Reno4 5G specifications

• 6.43-inch (2400 × 1080 pixels) Full HD+ 2.5D 90Hz AMOLED display with 96% NTSC color gamut, 430 nits typical, up to 600 nits brightness, Corning Gorilla Glass protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB LPDDR4x RAM with 128GB (UFS 2.1) / 256GB (UFS 2.1) storage
• Android 10 with ColorOS 7.2
• Dual SIM
• 48MP rear camera with Sony IMX586 sensor, f/1.7 aperture, LED flash, 8MP 119° Ultra Wide Lens with f/2.2 aperture, 2MP mono lens with f/2.4 aperture, laser autofocus
• 32MP front-facing camera with f/2.4 aperture, secondary 2MP portrait camera with f/2.4 aperture
• In-display fingerprint sensor
• Dimensions:159.3×74.0×7.8mm; Weight: 183g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, NFC, USB Type-C
• 4020mAh battery with 65W Super Flash Charge (SuperVOOC 2.0) fast charging

OPPO Reno4 Pro 5G specifications

• 6.55-inch (2400 × 1080 pixels) Full HD+ 3D 90Hz AMOLED 90Hz curved display, 100% DCI-P3 color gamut, 500 nits typical, up to 800 nits brightness, Corning Gorilla Glass 5 protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 8GB LPDDR4x RAM with 128GB UFS 2.1 storage / 12GB LPDDR4x RAM with 256GB UFS 2.1 storage
• Android 10 with ColorOS 7.2
• Dual SIM
• 48MP rear camera with Sony IMX586 sensor, f/1.7 aperture, OIS, LED flash, 12MP 120° ultra-wide camera with Sony IMX708 sensor with f/2.2 aperture, 13MP telephoto lens with f/2.4 aperture, 5x hybrid zoom, 20x digital zoom, laser autofocus
• 32MP front-facing camera with f/2.4 aperture
• In-display fingerprint sensor
• Dual linear speakers
• Dimensions: 159.6×72.5×7.6mm; Weight: 172g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS/GLONASS/Beidou, NFC, USB Type-C
• 4000mAh battery with 65W Super Flash Charge (SuperVOOC 2.0) fast charging

Ref : fonearena

%d bloggers like this: