Poco M2 Pro မိတ်ဆက်ပွဲကို ဒီမှာ ရှိုးလိုက်

Poco က ၂၀၁၈ မှာ Poco F1 နဲ့ နောက်ပိုင်းမှာ F2 Pro နဲ့ X2 ကို ကြေညာခဲ့ပါတယ်။ အခုတော့ Poco M2 Pro ကို ကြေညာတော့မှာပါ။ M2 Pro မိတ်ဆက်ပွဲကို အောက်က ဗီဒီယိုမှာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

သူ့ရဲ့ မော်ဒယ် နံပါတ်ဟာ M2003J6CI ဖြစ်ပြီး လျှို့ဝှက်နာမည်ဟာ “gram” ဖြစ်ပါတယ်။ Xiaomi က သူ့ကို ဖန်တီးနေတာ ကြာပြီလို့ ထင်ရပြီး သူ့အတွက် Firmware ဟာ အဆင်သင့် ဖြစ်နေပါပြီ။ Redmi Note 9 Pro ရဲ့ Kernel Source Code မှာ သူ့ကို တွေ့ထားပြီး ကင်မရာ App မှာ Watermark ပါလာပါတယ်။

အဲဒီအတွက် Redmi Note 9 Pro နဲ့ Poco M2 Pro တို့ဟာ ဆက်စပ်နေနိုင်ပြီး Chipset လို တချို့ Specs တွေ တူညီနိုင်ပါတယ်။ ဒီလိုဆိုရင် Poco M2 Pro မှာ Snapdragon 720G Chipset မောင်းနှင်ထားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း တခြား Chipset ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: