FCC ကို ရောက်လာတဲ့ Samsung Galaxy Note20+

သတင်းများစွာ ထွက်နေတဲ့ Samsung Galaxy Note20+ ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်က SM-N986U ဖြစ်ပြီး FCCID နံပါတ်က A3LSMN986U ဖြစ်ပါတယ်။

Samsung Galaxy Note20+ ရဲ့ HTML5 စမ်းသပ်မှုတွေ အွန်လိုင်းမှာ မကြာခင်က ထွက်ပေါ်လာပြီး Aspect Ratio က 19.3:9 ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ Galaxy Note10 နဲ့ S10 ဖုန်းတွေရဲ့ 19:9 ထက် ပိုရှည်နေပြီး Galaxy S20 Series ရဲ့ 20:9 လောက် မရှည်ပါဘူး။ iPhone 11 Pro Max ရဲ့ 19.5:9 နဲ့ နီးစပ်ပါတယ်။

Galaxy Note20 Series ကို Galaxy Fold 2 နဲ့အတူ ဩဂုတ်လမှာ ကြေညာနိုင်ပြီး မိတ်ဆက်ပွဲကို အွန်လိုင်းကနေပဲ ပြုလုပ်နိုင်ပါတယ်။ Samsung က Snapdragon 865 ကို ကောင်းကောင်း ယှဉ်နိုင်တဲ့ Exynos 992 ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပြီး Galaxy Note20 Series တွေမှာ သုံးမှာပါ။ 992 ကို Samsung ရဲ့ 6nm Manufacturing Process အသစ်ပေါ်မှာ တည်ဆောက်ထားမှာပါ။ တောင်ကိုရီးယား၊ အမေရိကန်နဲ့ တရုတ် ပြင်ပမှာ ရောင်းတဲ့ Galaxy S20 Series တွေမှာ Exynos 990 ကို သုံးခဲ့ပါတယ်။ Exynos 990 ဟာ Snapdragon Version တွေထက် စွမ်းအင်စားသုံးမှု များတယ်ဆိုပြီး သုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မကြာခင်က နာမည်ကျော် IceUniverse က Samsung Galaxy Note20+ မှာ 108MP ကင်မရာပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ ToF အစား Laser Focus Sensor ထည့်ထားမှာ ဖြစ်ပြီး ပင်မ ကင်မရာကို ထောက်ကူဖို့ ဖြစ်ပါတယ်။ အဲဒီ Sensor ဟာ Galaxy S20 Ultra မှာ ပါတဲ့ Samsung Bright HM1 ဖြစ်ပါတယ်။ 12MP ISOCELL Fast 2L3 ဟာ Ultrawide-angle Lens ဖြစ်ပြီး PDAF ပါလာမှာပါ။ Periscope Telephoto Lens လည်း ထည့်ထားမှာ ဖြစ်ပေမယ့် 13MP ပဲပါလာမှာပါ။

Ref : gsmarena

%d bloggers like this: