Huawei ရဲ့ Foldable ဖုန်း အသစ် ဖြစ်တဲ့ Mate V လာမည်

Huawei နဲ့ Samsung တို့ဟာ ဒီဇိုင်း အလန်းစား Foldable ဖုန်းတွေကို ဖန်တီးနေပါတယ်။ Samsung Galaxy Fold ဟာ အတွင်းဘက်ကို ခေါက်ချိုးရတဲ့ ဖုန်း ဖြစ်ပြီး Huawei Mate X နဲ့ Mate Xs တို့ကတော့ အပြင်ဘက်ကို ခေါက်ချိုးရတဲ့ ဖုန်း ဖြစ်ပါတယ်။

Samsung က အဲဒီဒီဇိုင်းကိုပဲ Galaxy Z Fold 2 မှာ သုံးထားမယ်လို့ သတင်းထွက်နေပြီး Huawei ကလည်း အခုတော့ Samsung ရဲ့ ဒီဇိုင်းကို တုပထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ Huawei နောက်ထုတ်မယ့် Mate X2 ရဲ့ သတင်းတွေထွက်နေပေမယ့် အခုတော့ EU မှာ မှတ်ပုံတင်လိုက်တဲ့ ဒေတာတွေအရ Huawei နောက်ထုတ်မယ့် Foldable ဖုန်းကို Huawei Mate V လို့ နာမည်ပေးထားနိုင်ပါတယ်။ နာမည်ကွဲသွားသလို Mate X , Mate Xs တို့နဲ့ ဒီဇိုင်းလည်း ကွဲသွားမှာပါ။

Mate V ဟာ စာအုပ်လို ခေါက်ချိုးနိုင်တဲ့ ဒီဇိုင်း ဖြစ်နိုင်ပြီး Huawei ဟာ အတွင်းဘက် ခေါက်ချိုးဖုန်း ဒီဇိုင်းကို ဧပြီလက မှတ်ပုံတင်ထားခဲ့ပါတယ်။ Huawei ရဲ့ နောက်မျိုးဆက် Foldable ဖုန်းကို အောက်တိုဘာလလောက်မှာ ကြေညာနိုင်ပြီး မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရမှာပါ။

Ref : gsmarena

%d bloggers like this: