Vivo X50 Pro+ ကို တရုတ်မှာ ကြိုတင်ရောင်းချပေးနေပြီ

Vivo က X50 နဲ့ X50 Pro ကို တရုတ်မှာ ရောင်းပေးထားပြီး တခြား နိုင်ငံတွေမှာ ဒီလလယ်ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ စွမ်းရည်အမြင့်ဆုံး ဖြစ်တဲ့ X50 Pro+ ကို တရုတ်မှာ ကြိုတင်ရောင်းချပေးလိုက်ပါတယ်။ 8/128GB ကို ၄,၉၉၈ ယွမ်၊ 8/256GB ကို ၅,၄၉၈ ယွမ်နဲ့ 12/256GB ကို ၅,၉၉၈ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၉ သိန်း ၈ သောင်းလောက်ရှိပါတယ်။ အနက်နဲ့ လိမ္မော်(သားရေ) ထုတ်လုပ်ထားပါတယ်။

X50 Pro+ မှာ ၆.၅၆ လက်မ OLED မျက်နှာပြင်နဲ့ SD865 Chipset ထည့်ထားပြီး Android 10 အခြေပြု Funtouch OS 10.5 မောင်းနှင်ထားပါတယ်။ Vivo X50 Pro+ ဟာ ကင်မရာ အသားပေး ဖုန်း ဖြစ်ပြီး Samsung ရဲ့ အသစ်စက်စက် 50MP ISOCELL GN1 ကင်မရာ ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ ညဘက်ဗီဒီယိုတွေ ရိုက်ကူးရင် အရမ်းကောင်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Super Night Mode နဲ့ Astro Mode ပါတဲ့အတွက် ညအချိန် ကောင်းကင်ယံရဲ့ သဘာဝအလှတရားကို အကောင်းဆုံး ဖမ်းယူပေးနိုင်ပါတယ်။

Periscope Zoom ကင်မရာက 60x Hybrid Zoom ပါလာပြီး Hyper Zoom လို့ နာမည်ပေးထားပါတယ်။ 8MP ကင်မရာ ဖြစ်ပြီး 5x Optical Zoom ကို ပံ့ပိုးပေးပါတယ်။ 8MP Ultrawide ကင်မရာ ထည့်ထားပြီး ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရုပ်ပုံတွေ ဖမ်းယူပေးနိုင်သလို Macro Shots တွေလည်း ရိုက်ကူးပေးနိုင်ပါတယ်။ နောက် ကင်မရာ ၁ လုံးက 13MP ဖြစ်ပြီး Portrait ကင်မရာ ဖြစ်ပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

Vivo X50 Pro+ specifications

• 6.56-inch (2376×1080 pixels) Full HD+ 19.8:9 E3 AMOLED 120Hz curved HDR10+ display with 105% NTSC color gamut, DCI-P3, up to 1300 nit brightness
• 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB LPDDR5 RAM, 128GB (UFS 2.1) /256GB (UFS 2.1) storage, 12GB LPDDR5 RAM with 256GB (UFS 2.1) storage
• Android 10 with Funtouch OS 10.5
• Dual SIM
• 50MP rear camera with dual LED flash, f/1.6 aperture, Samsung SN1 sensor, super micro PTZ camera, Laser autofocus, 13MP 120° ultra-wide lens with f/2.2 aperture and 2.5cm macro, 13MP periscope camera for 5x optical, 10x hybrid and 60x digital zoom with f/3.4 aperture, 32MP portrait camera (50mm equivalent)
• 32MP front-facing camera with f/2.48 aperture
• In-display fingerprint sensor
• USB Type-C Audio, CS43131 amp, Hi-res audio, 3 microphones for audio zoom
• Dimensions: 158.46 × 72.8 × 8.04mm; Weight: 181.5g
• 5G SA/ NSA, Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, USB Type-C
• 4350mAh (Typical) battery with 44W fast charging

Ref : gsmarena , fonearena

%d bloggers like this: