Xiaomi က နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ တန်ဖိုးနည်း Mi Smart Band 4C ကို ကြေညာ

Xiaomi က Mi Band 5 ထက် အရမ်းဈေးချိုတဲ့ Mi Smart Band 4C ကို ကြေညာလိုက်ပြီး ဘက်ထရီ သက်တမ်းက ၁၄ ရက်ဆိုတော့ တော်တော် မိုက်ပါတယ်။ ၁.၀၈ လက်မ 128x220p TFT မျက်နှာပြင် ထည့်ထားပြီး အချိန်ပြည့် နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို တွက်ချက်ပေးနိုင်ပါတယ်။

မလေးရှားမှာ ၉၉ ရင်းဂစ်နဲ့ ရောင်းပေးနေပြီး မြန်မာငွေ ၃ သောင်းလောက်ပဲရှိပါတယ်။ Mi Smart Band 4C ဟာ realme Band ကို ယှဉ်ပြိုင်မှာဖြစ်ပြီး မျက်နှာပြင် Brightness ဟာ 200 nits အထိ ရှိပါတယ်။ 130mAh ဘက်ထရီ ထည့်ထားပြီး အားအပြည့်သွင်းဖို့ ၂ နာရီကြာပါတယ်။ လက်ပတ်မှာ USB Port ကနေ အားသွင်းရမှာပါ။

Mi Smart Band 4C ဟာ ပြေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ အားကစားနည်းတွေကို တွက်ချက်တိုင်းတာပေးနိုင်ပါတယ်။ အိပ်စက်မှု အခြေအနေ၊ လမ်းလျှောက်တဲ့ ခြေလှမ်းတွေကို စစ်ဆေးပေးနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု မလုပ်ရင် သူက သင့်ကို အသိပေးမှာပါ။ ဖုန်းနဲ့ ကြိုးမဲ့ ချိတ်ဆက်ထားနိုင်ပြီး ဖုန်းဝင်လာရင် Notification ပြပေးမှာပါ။

ဖုန်းက သီချင်းတွေကို လက်ပတ်ကနေ ထိန်းချုပ်နိုင်ပြီး ၁၃ ဂရမ် အလေးချိန်ရှိပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်တာက မိုက်ပြီး မကြာခင် တခြားနိုင်ငံတွေမှာ ရောင်းနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: