Moto G 5G Plus မှာ 5,000mAh ဘက်ထရီနဲ့ 20W Charging ပါလာနိုင်

ပြီးခဲ့တဲ့ ၁ ပတ်က Moto G 5G စမတ်ဖုန်းရဲ့ ပထမဆုံး သတင်းထွက်လာပါတယ်။ အခုတော့ Moto G 5G Plus ကို မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေ ထွက်လာတဲ့အတွက် ရိုးရိုး Moto G 5G အပြင် Plus Version ကိုပါ ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Plus Version ကို FCC Database မှာ မော်ဒယ်နံပါတ် XT2075-3 အနေနဲ့ မှတ်ပုံတင်ထားပြီး Dual-band WiFi , NFC နဲ့ 5G ဆက်သွယ်မှု ပါလာမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Moto G 5G Plus ဟာ Galileo, GLONASS နဲ့ GPS Navigation ကို ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

TUV Rheinland မှာလည်း Moto G 5G Plus Version ကို မှတ်ပုံတင်ထားပြီး 5,000mAh ဘက်ထရီနဲ့ 20W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ Moto G 5G မှာ 90Hz FHD+ မျက်နှာပြင်နဲ့ 21:9 Aspect Ratio ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ Snapdragon 765G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 48MP Main ကင်မရာ ပါလာမှာပါ။ Moto G 5G Series ကို မနက်ဖြန်ကြေညာတော့မယ်လို့ ထင်ပါတယ်။
Ref : gsmarena

%d bloggers like this: