120Hz Refresh Rate ပါမှာ သေချာသွားတဲ့ iQOO Z1x

iQOO က Z1x ရဲ့ သတင်းအချက်အလက်တွေကို တစ်စတစ်စ ပိုမိုမျှဝေနေပါတယ်။ အခုလည်း သူ့ရဲ့ ပိုစတာ ၁ ခုကို မျှဝေလိုက်ပြီး Snapdragon 765G Chipset , 120Hz Refresh Rate နဲ့ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်ထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် PC အဆင့် Cooling လုပ်ဆောင်ချက် ပါလာမှာ ဖြစ်တဲ့အတွက် အလုပ်အများကြီး လုပ်နိုင်ပါတယ်။

ဓါတ်ပုံမှာ အပြာနဲ့ အဖြူရောင်တွေ မြင်ရပါတယ်။ အရင်သတင်းတွေအရ အနောက်ဘက်မှာ 48MP Triple ကင်မရာနဲ့ ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပြီး 6/8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာ၊ 48MP Main နဲ့ 2MP ကင်မရာ ၂ လုံး ပါလာမှာပါ။

အရင် သတင်းတွေအရ iQOO Z1x မှာ Android 10 အခြေပြု iQOO UI နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ ထောက်ပံ့ထားမှာပါ။ ၆.၅၇ လက်မ IPS LCD မျက်နှာပြင် ပါလာနိုင်ပြီး ဇူလိုင် ၉ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: