အိန္ဒိယမှာ ဒီနှစ်နှောင်းပိုင်းမှာ ရောင်းမယ့် Sony PlayStation 5

ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ PlayStation 5 ကို မရောင်းပေးသေးပါဘူး။ အခုတော့ Flipkart နဲ့ Amazon India တို့မှာ PS5 ရဲ့ Teaser တွေကို တင်ထားတဲ့အတွက် ဒီနှစ်နှောင်းပိုင်း အိန္ဒိယမှာ ရောင်းပေးမယ်လို့ ထင်ပါတယ်။ ကျွမ်းကျင်သူတွေက နိုင်ဝင်ဘာလလောက်မှာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ Flipkart နဲ့ Amazon India မှာ PlayStation 5 ရဲ့ Digital နဲ့ Standard Edition နဲ့အတူ Accessory တွေ ဖြစ်တဲ့ DualSense Wireless Controller , PULSE 3D Wireless Headset, Media Remote, DualSense Charging Station နဲ့ HD Camera ကို ဖော်ပြထားပါတယ်။

Sony က PlayStation 5 နဲ့ PlayStation 5 Digital Edition ကို အွန်လိုင်း ပွဲ ၁ ခုနဲ့ အရင်လက မိတ်ဆက်ခဲ့ပါတယ်။ PS5 မှာ Ultra HD Blu-ray Disc Drive တပ်ဆင်ထားပြီး Digital Edition မှာ Disc Drive မပါပါဘူး။ တခြား လုပ်ဆောင်ချက်တွေနဲ့ ဒီဇိုင်းက တူညီပြီး Power Button နဲ့အတူ USB-A Port နဲ့ USB-C Port တွေ တပ်ဆင်ထားပါတယ်။

DualSense Wireless Controller ကိုလည်း Sony က ပြသခဲ့ပြီး Controller ၂ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Charging Station ကိုတွေ့ရပါတယ်။ Sony က PS5 ရဲ့ တခြားAccessory တွေကိုလည်း ပြသလိုက်ပြီး Pulse 3D Wireless Headset က 3D Audio Support နဲ့ Dual Noise-cancelling Microphones တွေ ပါပါတယ်။ ဂိမ်းကစားတာကို Live လွှင့်နိုင်တဲ့ 1080p ကင်မရာ ၂ လုံး ထည့်ထားပါတယ်။ ရုပ်ရှင်တွေကို Navigate လုပ်နိုင်တဲ့ Media Remote ထုတ်လုပ်ထားပါတယ်။

PS5 မှာ 8 Core AMD Zen 2 အခြေပြု CPU , RDNA 2 အခြေပြု GPU , 16GB GDDR6 RAM နဲ့ 825GB NVMe SSD ထည့်ထားပါတယ်။ Tempest Audio Engine ပါလာပြီး အသံ Sources များစွာကို ကိုင်တွယ်နိုင်တဲ့အတွက် အလန်းစား အသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: