Gaming Laptop ထုတ်တော့မယ့် Huawei နဲ့ Honor

တရုတ်က ထွက်လာတဲ့ သတင်းတွေအရ Huawei နဲ့ Honor တို့ဟာ Gaming Laptop ဈေးကွက်ကို ဝင်လာတော့မှာပါ။ ဒီလ သို့မဟုတ် နောက်လမှာ Gaming Laptop အသစ်တွေကို ကြေညာနိုင်ပါတယ်။ Honor ပြီးနောက် Huawei က မိတ်ဆက်မှာဖြစ်ပါတယ်။ သေချာတာက Brand ပဲကွာခြားပြီး Laptop တွေက တူညီကြမှာပါ။

Honor ရဲ့ အကြီးအကဲ Zhao Ming က Gaming Laptop ကို စိတ်ဝင်စားတယ်လို့ ခဏခဏ ပြောခဲ့ဖူးပါတယ်။ သူက MSI နဲ့ Asus တို့ရဲ့ Gaming Laptop တွေကို ယှဉ်ပြိုင်နိုင်တဲ့ Gaming Laptop တွေကို ထုတ်လုပ်ရောင်းချချင်ပါတယ်လို့ ပြောခဲ့ဖူးပါတယ်။ သူတို့ Laptop တွေကို ဈေးချိုအောင် ဖန်တီးပေးမယ်လို့ သိရပါတယ်။

Huawei နဲ့ Honor တို့ရဲ့ Laptop အသစ်တွေမှာ 10th Gen Intel Core H Processor or AMD Ryzen 4000H Processor နဲ့ GeForce RTX 20 Video Card တွေ ပါလာနိုင်ပါတယ်။ Honor ဟာ မကြာခင်ကပဲ Honor Smart Life Event မှာ Honor MagicBook Pro 2020 ကို ကြေညာထားပြီး စွမ်းရည်မြင့် Laptop ဖြစ်ပါတယ်။

Ref : gizchina

%d bloggers like this: