တရုတ်နဲ့ ပြဿနာကြောင့် အိန္ဒိယက Apple iPhone ထုတ်လုပ်မှုကို ရပ်နား

ပြီးခဲ့တဲ့လက တရုတ်နဲ့ အိန္ဒိယရဲ့ နယ်စပ် ပြဿနာကြောင့် အိန္ဒိယ စစ်သား ၂၀ သေဆုံးခဲ့တာဟာ Apple ကို တိုင်ပတ်သွားစေခဲ့ပါပြီ။ အိန္ဒိယ အာဏာပိုင်တွေက တရုတ်ကနေ အိန္ဒိယကို သွင်းကုန်တွေကို ပိတ်ပင်လိုက်တဲ့အတွက် တရုတ်က iPhone အစိတ်အပိုင်းတွေဟာ အိန္ဒိယက iPhone စက်ရုံတွေဆီ မရောက်လာနိုင်တော့ပါဘူး။

Apple အတွက် iPhone တွေ ထုတ်လုပ်ပေးနေတဲ့ Foxconn ဟာ တောင်အိန္ဒိယက သူ့ရဲ့ စက်ရုံ ၂ ခုဆီ iPhone အစိတ်အပိုင်းတွေ မရောက်လာတော့ဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်ထဲမှာ Foxconn ဝန်ထမ်း ရာဂဏန်းလောက် အလုပ်မရှိ ဖြစ်နေပါတယ်။

Apple ဟာ အိန္ဒိယမှာ iPhone SE ကို စတင် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ iPhone XR လို ဖုန်း အသစ်တွေကိုပါ ထုတ်လုပ်ခဲ့ပါတယ်။ Apple ဟာ အိန္ဒိယမှာ iPhone ထုတ်တဲ့အတွက် အခွန်လျော့ကျသွားတာ ဖြစ်ပြီး ဖုန်း ထုတ်လုပ်မှု ကုန်ကျစားရိတ် သက်သာသွားပါတယ်။ အိန္ဒိယဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် ဈေးသက်သာတဲ့ စမတ်ဖုန်းတွေပဲ ရောင်းအားကောင်းတာပါ။ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား ပြဿနာမှာ Apple ဘယ်လို ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : phonearena

%d bloggers like this: