Vivo X50 နဲ့ X50 Pro ကို ဇူလိုင်လ ၁၆၊ ၁၇ ရက်မှာ နိုင်ငံများစွာမှာ ရောင်းမည်

Vivo X50 Series ကို တရုတ်မှာ ရောင်းပေးထားပေမယ့် တခြား နိုင်ငံတွေမှာ မရသေးပါဘူး။ အိန္ဒိယမှာ မကြာခင် ရောင်းပေးတော့မှာ ဖြစ်ပေမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။

အခုတော့ Vivo ဟာ X50 နဲ့ X50 Pro ကို ဇူလိုင်လ ၁၆၊ ၁၇ ရက်မှာ နိုင်ငံများစွာမှာ ရောင်းတော့မယ်လို့ သတင်းထွက်လာပါတယ်။ X50 Pro+ ကိုတော့ နိုင်ငံတချို့မှာပဲ ရောင်းချနိုင်ပြီး အိန္ဒိယနဲ့ တရုတ်မှာ ရောင်းမှာ သေချာပါတယ်။

Vivo ဟာ X50 Series ထဲမှာ ဈေးအကြီးဆုံးနဲ့ စွမ်းရည် အမြင့်ဆုံး ဖြစ်တဲ့ X50 Pro+ ကို နောက်ပိုင်းကျမှ တခြားနိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: