Xiaomi က AI Shutter လုပ်ဆောင်ချက်ကို ဖန်တီးနေ

XDA Developers က Xiaomi ဟာ Google Camera App က Top Shot လို လုပ်ဆောင်ချက်မျိုးကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ Xiaomi က AI Shutter လို့ နာမည်ပေးထားပြီး နောက်ထုတ်မယ့် MIUI 12 Update မှာ ထည့်သွင်းဖို့ ပြင်ဆင်နေပါတယ်။

AI Shutter လုပ်ဆောင်ချက်ဟာ Google Pixel စမတ်ဖုန်းတွေက Top Shot နဲ့ လုပ်ဆောင်ချက်ချင်း တူညီပါတယ်။ ဒီလုပ်ဆောင်ချက်က ဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်ကူးပြီး Machine Learning Algorithm ကနေ အကောင်းဆုံး ဓါတ်ပုံ ၁ ပုံကို ထုတ်ပေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် MIUI 12 ရဲ့ Default Camera App မှာ Magic Clone နဲ့ Full Screen Gesture လို လုပ်ဆောင်ချက်တွေလည်း ပါလာမှာ ဖြစ်ပါတယ်။ MIUI 12 Stable Update ကို သင့် စမတ်ဖုန်းမှာ ရတာနဲ့ အဲဒီလုပ်ဆောင်ချက်တွေကို စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: