မိဘ ပိုက်ဆံ သိန်း ၃၀၀ ဖိုးလောက်ကို PUBG မှာ သုံးခဲ့တဲ့ အိန္ဒိယက လူငယ်

အိန္ဒိယနိုင်ငံ ပန်ဂျပ်က ဆယ်ကျော်သက် ၁ ယောက်ဟာ နာမည်ကျော် PUBG ဂိမ်းမှာ မိဘ ပိုက်ဆံ အမြောက်အများကို သုံးခဲ့တယ်ဆိုတဲ့ အံ့အားသင့်စရာ သတင်း ၁ ပုဒ်တက်လာပါတယ်။ အိန္ဒိယဟာ အဲဒီ ဂိမ်းကစားသူ အများအပြားရှိနေပြီး စုစုပေါင်း Download ပြုလုပ်မှုရဲ့ ၂၄ ရာခိုင်နှုန်းတောင် ရှိပါတယ်။ အဲဒီ လူငယ်ဟာ PUBG ရဲ့ In-app Purchases မှာ ဒေါ်လာ ၂၁,၅၀၀ ဖိုးလောက် သုံးခဲ့တာ ဖြစ်တဲ့အတွက် မြန်မာငွေ သိန်း ၃၀၀ နီးပါးလောက် ရှိပါတယ်။

အဲဒီ လူငယ်ဟာ ပန်ဂျပ် ပြည်နယ် ခါရာမြို့က ဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန်မှာ ဖုန်းကနေ အွန်လိုင်း သင်တန်းတွေတက်မယ်ဆိုပြီး မိဘတွေဆီက ငွေကြေး လိမ်လည်တောင်းခဲ့တာပါ။ တကယ်တော့ သူဟာ အသင်းဖော်တွေနဲ့ သူ့ ပရိုဖိုင် အဆင့်မြင့်စေဖို့ PUBG မှာ Virtual Ammunition , Royal Passes နဲ့ Artilleries လို အရာတွေကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူဟာ မိဘတွေရဲ့ ဘဏ်အကောင့် ၃ ခုလောက်ကို သုံးခဲ့ပါတယ်။

မိဘတွေဟာ မကြာခင်ကမှ ဘဏ်ငွေစာရင်းကနေ သူသုံးခဲ့တာတွေကို သိခဲ့ကြရတာပါ။ ဘဏ်က သူ့ မိခင်ဖုန်းထံပေးပို့တဲ့ အသိပေးစာတွေကိုလည်း သူက ဖျက်ခဲ့ပါတယ်။ သူ့ဖခင်မှာ အစိုးရ ဝန်ထမ်း ၁ ယောက်ဖြစ်ပြီး ကျန်းမာရေး အသုံးစားရိတ်နဲ့ ကလေး ရှေ့ရေးအတွက် အဲဒီငွေတွေကို စုဆောင်းထားတာပါ။ အခုတော့ ဖခင်ဟာ ငွေတန်ဖိုးနားလည်စေဖို့ သူ့သားကို ကားပြင်ဆိုင်မှာ အလုပ်လုပ်ခိုင်းနေပါတယ်။

Ref : gizchina

%d bloggers like this: