Dual Punch Hole ပါတဲ့ OnePlus Nord ရဲ့ Promo Video ထွက်လာ

OnePlus Nord ရဲ့ သတင်းတွေ များစွာ ထွက်နေပါတယ်။ အခုတော့ သူ့ရဲ့ ပရိုမို ဗီဒီယို ၁ ခု ထွက်လာပြီး အရှေ့ ကင်မရာ ၂ လုံးကို Punch Hole မှာ ထည့်သွင်းထားတာ မြင်ရပါတယ်။ ပါဝါ ခလုတ်ကို ညာဘက်မှာ တပ်ဆင်ထားပါတယ်။ လေးထောင့်ကွက်ထဲမှာ အနောက်ကင်မရာတွေကို ထည့်သွင်းထားပါတယ်။ Nord ရဲ့ အရှေ့ဘက်မှာ 32MP နဲ့ 8MP Ultrawide ကင်မရာ ၂ လုံး ပါလာမယ်လို့ အရင်က သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်းမှန်ခဲ့ရင် Nord ဟာ အရှေ့ ကင်မရာ ၂ လုံးပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ အနောက်ဘက်မှာ 64MP Main , 16MP Wide Angle နဲ့ 2MP Macro ကင်မရာ ထည့်ထားမှာ ဖြစ်ပါတယ်။

Amazon India က Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ သတင်းပေးထားပါတယ်။ အရင်သတင်းတွေအရ OnePlus Nord ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၄ လက်မ ကနေ ၆.၅ လက်မ အတွင်းရှိမယ်လို့ သိရပါတယ်။ OLED မျက်နှာပြင်ဖြစ်နိုင်ပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ အခြေခံအနေနဲ့ 6GB RAM နဲ့ 128GB Storge ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Android 10 အခြေပြု Oxygen OS နဲ့ 4,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ OnePlus CEO Pete Lau က သူ့ကို ဒေါ်လာ ၅၀၀ အောက်နဲ့ ရောင်းမယ်လို့ မကြာခင်က အတည်ပြုလိုက်တဲ့အတွက် မြန်မာငွေ ၆ သိန်းလောက်ရှိနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: