5,000mAh ဘက်ထရီနဲ့ 33W Fast Charging ပါလာမယ့် iQOO Z1x

iQOO Z1x ရဲ့ သတင်းတွေ ထွက်နေပေမယ့် iQOO ကတော့ အဲဒီဖုန်း အကြောင်း ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ အခုတော့ သူ့ရဲ့ သတင်းအချက်အလက်တချို့နဲ့ ဓါတ်ပုံတွေကို ကုမ္ပဏီက မျှဝေလိုက်ပါတယ်။ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီပါလာမှာ သေချာသွားပြီး ဓါတ်ပုံမှာ အပြာနဲ့ အဖြူရောင်တွေ မြင်ရပါတယ်။

အရင် သတင်းတွေအရ iQOO Z1x မှာ ၆.၅၇ လက်မ IPS LCD မျက်နှာပြင် ထည့်ထားမှာပါ။ 120Hz Refresh Rate ပါမယ်လို့ သိရတဲ့အတွက် ဖုန်း သုံးရင်၊ ဂိမ်း ကစားရင် မျက်နှာပြင် တုန့်ပြန်မှုက အရမ်းလန်းမှာ ဖြစ်ပါတယ်။ သူ့မှာ Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေတဲ့အတွက် 5G ဆက်သွယ်မှု ပါလာမှာပါ။

အနောက်ဘက်မှာ 48MP Triple ကင်မရာနဲ့ ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပြီး 6/8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဇူလိုင် ၂ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ iQOO က ကြေညာမယ့်နေ့ကို ပြောကြားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: