Facebook ပို့စ်အဟောင်းများစွာကို တစ်ပြိုင်နက် ဖျက်နည်း

ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် Facebook ပို့စ်အဟောင်းတွေကို ဖျက်ချင်သူတွေအတွက် နည်းလမ်းများစွာ ရှိပါတယ်။ ပရိုဖိုင်ထဲသွားပြီး ပို့စ် ၁ ခုချင်းစီကို ဖျက်နိုင်ပေမယ့် ပို့စ်များစွာကို ဖျက်ချင်ရင်တော့ အလုပ်တော်တော်ရှုပ်မှာပါ။ ပို့စ်များစွာကို တစ်ပြိုက်နက် ဖျက်ချင်သူတွေအတွက် နည်းလမ်းကောင်းလေး ၁ ခုကို မျှဝေချင်ပါတယ်။

ဒီနည်းလမ်းကို Mobile App (Android, iOS , Lite) တို့မှာပဲ ပြုလုပ်လို့ရပါတယ်။ အဲဒီ App အားလုံးအတွက် နည်းလမ်းက တူညီပါတယ်။

• Facebook App ကနေ သင့် ပရိုဖိုင်ထဲသွားပါ။
• အစက် ၃ စက်ပါတဲ့ Menu ကို နှိပ်ပါ။
• Activity Log> Manage Activity ထဲသွားပြီး Your Posts ကို နှိပ်ပါ။
• ပြီးရင်တော့ ဖျက်ချင်တဲ့ ပို့စ်တွေဘေးက Check Box ကို နှိပ်ပြီး Archive or Delete ကို နှိပ်ပါ။

သင် ဖျက်လိုက်တဲ့ ပို့စ်တွေကို Your Posts Section ရဲ့ Archive or Delete မှာ ပြသပေးထားမှာဖြစ်ပြီး သင့် ပရိုဖိုင်ထဲမှာ မရှိတော့ပါဘူး။ Recycle Bin ထဲမှာ ဖျက်ထားတဲ့ ပို့စ်တွေကို ရက် ၃၀ ထားပေးမှာ ဖြစ်ပြီး မှားဖျက်မိတာဆိုရင် Restore လုပ်နိုင်ပါတယ်။ Desktop မှာ ဒီနည်းလမ်းကို သုံးလို့ မရသေးပါဘူး။

Ref : tnw

%d bloggers like this: