Sharp Aquos R5G ကို နိုင်ငံတကာမှာ ရောင်းပြီ

Sharp က ဂျပန်မှာ စွမ်းရည်မြင့် R5G ကို ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ထိုင်ဝမ်မှာ ၁,၁၈၇ ဒေါ်လာနဲ့ ရောင်းပေးလိုက်ပြီး မြန်မာငွေ ၁၆ သိန်းလောက်ရှိပါတယ်။ ၆ ရက်နေ့မှာ စတင် ရောင်းချပေးမှာပါ။ သူဟာ Sharp ရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်ပြီး ၆.၅ လက်မ IPS QHD+ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate ပါလာတဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်ပါတယ်။ 16MP ဆဲလ်ဖီး ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ ပါလာပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါလာပြီး 12MP Main (OIS) , 12MP Telephoto (OIS) , 48MP Ultrawide နဲ့ ToF Sensor တွေ ဖြစ်ပါတယ်။ 48MP ကင်မရာကနေ 8K Video တွေ ရိုက်ကူးနိုင်ပါတယ်။ Snapdragon 865 Chipset နဲ့အတူ 12GB LPDDR5 RAM နဲ့ 256GB UFS 3.0 Storage တွေ ထည့်သွင်းထားသလို microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။

Android 10 မောင်းနှင်ထားပြီး 3,730mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံနိုင်ပြီး ၁၈၉ ဂရမ် အလေးချိန်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: