realme 6s ကို အိန္ဒိယမှာ realme 6i နာမည်နဲ့ နောက် ၁ ပတ်ကြေညာမည်

realme က မတ်လမှာ realme 6i ကို ကြေညာခဲ့ပြီးနောက် အိန္ဒိယမှာ Narzo 10 နာမည်နဲ့ မေလမှာ မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ realme က နောက် ၁ ပတ် အိန္ဒိယမှာ realme 6i ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် မူလ realme 6i မဟုတ်ဘဲ realme 6s ကို နာမည်ပြောင်းရောင်းချတာပါ။

အဲဒီ သတင်းကို OnPhones က ဖွလိုက်တာ ဖြစ်ပြီး အိန္ဒိယက စတိုး ၁ ခုမှာ realme 6i ပိုစတာကို မြင်ရတယ်လို့ ပြောပါတယ်။ ပိုစတာမှာ ဖုန်းရဲ့ Specs တချို့ကို ဖော်ပြထားပြီး အနက်နဲ့ အဖြူရောင် ထွက်လာမှာပါ။ ကြေညာမယ့်နေ့တော့ မပါပေမယ့် နောက် ၁ ပတ်မှာ ကြေညာမယ်လို့ OnPhones က ပြောပါတယ်။

Realme 6i အတွက် realme 6s မှာလို 4GB RAM , 64GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပြီး အိန္ဒိယမှာ ရောင်းမယ့် ဈေးကို မသိရသေးပါဘူး။ အိန္ဒိယမှာ realme 6 ကို ၁၄,၉၉၉ ရူပီးနဲ့ ရောင်းပေးထားတဲ့အတွက် အဲဒီဈေးထက် သက်သာမှာပါ။

Ref : gsmarena

%d bloggers like this: