90Hz Refresh Rate နဲ့ Dimensity 800 ပါတဲ့ Honor 30 Lite ကို ကြေညာ

Honor က 5G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor 30 Lite လို့ နာမည်ပေးထားပြီး ၆.၅ လက်မ FHD+ LCD မျက်နှာပြင် ပါလာပါတယ်။ 90Hz Refresh Rate နဲ့ 180oHz Touch Sampling Rate ထောက်ပံ့ထားပြီး Screen -to-body Ratio က ၉၁.၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

MediaTek Dimensity 800 SoC , 8GB RAM နဲ့ Android 10 အခြေပြု Magic UI 3.1 အုပ်ထားပါတယ်။ အနောက်ဘက်မှာ 48MP , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ထည့်ထားပါတယ်။

အနောက်ဘက်ကို ဖန်နဲ့ အုပ်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ 4000mAh ဘက်ထရီ ပါလာပြီး 22.5W Fast Charging ထည့်ထားပါတယ်။

HONOR 30 Lite specifications

• 6.5-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 90Hz refresh rate
• Octa Core (4 x 2GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800 (MT6873) 7nm processor
• 6GB LPDDR4X RAM with 64GB / 128GB (UFS 2.1) storage, 8GB LPDDR4X RAM with 256GB (UFS 2.1) storage expandable memory with up to 256GB with NM memory card
• Android 10 with Magic UI 3.1.1
• Hybrid Dual SIM (nano + nano/NM card)
• 48MP rear camera with f/1.8 aperture, LED flash, 8MP 120° ultra-wide angle lens with f/2.4 aperture, 2MP 4cm macro lens ith f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Side-mounted fingerprint sensor
• Dimensions: 160×75.32 ×8.35mm; Weight: 192g
• 3.5mm audio jack
• 5G (SA/ NSA) / Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, USB Type-C
• 4000mAh (typical) / 3900mAh (minimum) battery with 22.5W fast charging

Midnight Black, Phantom Silver, Summer rainbow နဲ့ Green အရောင်တွေ ထုတ်လုပ်ထားပြီး 6/64GB ကို ၁၆၉၉ ယွမ်၊ 6/128GB ကို ၁၈၉၉ ယွမ်နဲ့ 8/128GB ကို ၂၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၃ သိန်း ၃ သောင်းလောက်ရှိပြီး ၈ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: