5G ပါတဲ့ Honor X10 Max ကို ကြေညာပြီ

Honor က X10 Series အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Honor X10 Max လို့ နာမည်ပေးထားပြီး ၇.၀၉ လက်မ FHD+ LCD မျက်နှာပြင် တပ်ဆင်ထားတဲ့အတွက် အရွယ်အစားက အရမ်းကြီးပါတယ်။ HDR ထောက်ပံ့ထားပြီး Screen-to-body Ratio က ၉၁ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက အရမ်း မိုက်ပါတယ်။

MediaTek Dimensity 800 SoC မောင်းနှင်ထားပြီး 8GB RAM , Android 10 အခြေပြု Magic UI 3.1 ပါပါတယ်။ 48MP နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပြီး အရွယ်သေး Notch မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်ကို ဖန်နဲ့ဖုံးအုပ်ထားပြီး အရောင်ပြောင်း ဒီဇိုင်း ဖြစ်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 22..5W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။

HONOR X10 Max specifications

• 7.09-inch (2280 × 1080 pixels) Full HD+ LCD 2.5D curved glass display with 96% NTSC color gamut, up to 780 nit brightness
• Octa Core (4 x 2GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800 (MT6873) 7nm processor with ARM Mali-G57 GPU
• 6GB LPDDR4x RAM with 64GB / 128GB storage, 8GB LPDDR4x RAM with 128GB storage, expandable memory up to 256GB with NM card
• Android 10 with Magic UI 3.1.1
• Dual SIM
• 48MP rear camera, 2MP depth sensor
• 8MP front camera
• Side-mounted fingerprint sensor
• 3.5mm audio jack, 1217 super linear stereo speakers, Smart PA, Huawei Histen
• Dimensions: 174.46×84.91×8.3mm; Weight:227g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11ac (2.4GHz/5GHz), Bluetooth 5.1, GPS, NFC, USB Type-C
• 5000mAh (typical) / 4900mAh (minimum) battery with 22.5W Fast charging

အနက်၊ အပြာနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားပြီး 6/64GB ကို ၁၈၉၉ ယွမ်၊ 6/128GB ကို ၂၀၉၉ ယွမ်နဲ့ 8/128GB ကို ၂၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၃ သိန်း ၇ သောင်းလောက် ရှိပါတယ်။

Ref : fonearena

%d bloggers like this: