၉ ရက်နေ့မှာ ချပြတော့မယ့် iQOO Z1x

Vivo က Gaming စမတ်ဖုန်းတွေကို iQOO Brand ကနေ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း iQOO Z1x ကို ဒီလ ၉ ရက်နေ့မှာ ကြေညာတော့မှာပါ။ ဒီသတင်းကို ကုမ္ပဏီက အတည်ပြုလိုက်တာ ဖြစ်ပြီး ကုမ္ပဏီက မျှဝေလိုက်တဲ့ ပိုစတာ အရ သူ့မှာ 120Hz Refresh Rate, 5G နဲ့ Punch Hole တွေ ပါလာမှာပါ။

မကြာခင်ကပဲ သူ့ရဲ့ Specs တွေ TENAA ကနေ ထွက်ပေါ်ခဲ့ပါတယ်။ TENAA မှာ သူ့ရဲ့ အရွယ်အစားဟာ 164.20 x 76.5 x 9.06mm ဖြစ်ပြီး ၆.၅၇ လက်မ မျက်နှာပြင်နဲ့ 4,880mAh ဘက်ထရီ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ သူ့မှာ Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ သတင်းထွက်နေတဲ့အတွက် 5G ဆက်သွယ်မှု ပါလာမှာပါ။ အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ 48MP , 2MP , 2MP ကင်မရာတွေ ထည့်ထားမှာပါ။

အရင် သတင်းတွေအရ 120Hz Refresh Rate ပါမယ်လို့ သိရတဲ့အတွက် ဖုန်း သုံးရင်၊ ဂိမ်း ကစားရင် မျက်နှာပြင် တုန့်ပြန်မှုက အရမ်းလန်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီ စားတဲ့အတွက် အရွယ်ကြီး ဘက်ထရီ ထည့်ပေးထားတာ ဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ 5G နဲ့ မြင့်မားတဲ့ Refresh Rate တွေ ဖုန်းတော်တော်များများမှာ ပါလာကြပါပြီ။ စွမ်းဆောင်ရည်သင့် ဖုန်းတွေမှာတောင် ဒီလို လုပ်ဆောင်ချက်‌တွေ ထည့်ထားကြပါတယ်။

တရုတ်က 3C မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်အရ 33W Fast Charging ပါမယ်လို့ သိရတဲ့အတွက် အားသွင်းနှုန်းက အရမ်းလန်းမှာပါ။ ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။ သူ့မှာ 6GB/128GB ပါပြီး ၁,၃၉၈ ယွမ်နဲ့ ရောင်းမယ်လို့ သိရပါတယ်။

Ref : gsmarena

%d bloggers like this: