Honor 30 Lite ရဲ့ အရောင်တွေ ထွက်လာပြီ

Honor က 30 Lite မှာ 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ပါမယ်လို့ အတည်ပြုထားပြီး သူ့ကို မကြာခင် ကြေညာနိုင်ပါတယ်။ အခုတော့ ဝီဘိုမှာ သူ့ရဲ့ ဓါတ်ပုံတွေ ထွက်လာပြီး အရောင် ၄ မျိုးတွေ့ရပါတယ်။ Summer Rainbow, Mirage Silver, Wizard of Oz နဲ့ Night Black အရောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

Honor 30 Lite ရဲ့ Specs အပြည့်အစုံ မကြာခင်က ထွက်လာပါတယ်။ သူ့မှာ MediaTek MT6873 (Dimensity 800) မောင်းနှင်ထားမှာ ဖြစ်တဲ့အတွက် 5G ပါလာမှာပါ။ ၆.၅ လက်မ 2400×1080 မျက်နှာပြင်၊ Android 10 အခြေပြု EMUI 10.1 ထည့်ထားပေမယ့် Google Services မပါလာနိုင်ပါဘူး။ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာတွေ ထည့်ထားနိုင်ပါတယ်။ 22W Charging ထောက်ပံ့ထားတဲ့ 4,000mAh ဘက်ထရီ ပါလာမှာပါ။

အဲဒီ Specs တွေဟာ မကြာခင်က ကြေညာခဲ့တဲ့ Huawei Enjoy 20 Pro နဲ့ တူနေပြီး ကွဲပြားတာ ၁ ခုပဲ ရှိပါတယ်။ အဲဒါက Huawei Enjoy 20 Pro ရဲ့ အလေးချိန်ဟာ ၁၉၂ ဂရမ်နဲ့ Honor 30 Lite က သူ့ထက် ၁၀ ဂရမ် ပိုများတာပါ။ Enjoy 20 Pro ဟာ တရုတ်မှာ မြေပြင်စတိုးတွေအတွက် Huawei Enjoy Z 5G ကို နာမည်ပြောင်းထားတာပါ။

Ref : gsmarena

%d bloggers like this: