realme X50 5G ကို ဥရောပမှာ ၈ ရက်နေ့ ရောင်းမည်

realme X50 5G ကို ဇန်နဝါရီလက ကြေညာခဲ့ပြီး တရုတ်မှာ ရောင်းပေးထားပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းပေးတော့မှာ ဖြစ်ပြီး စပိန် ဝက်ဘ်ဆိုက်မှာ ၈ ရက်နေ့ ရောင်းမယ်လို့ ဖော်ပြထားပါတယ်။ ဥရောပမှာ ရောင်းမယ့်ဈေးကို မသိရသေးပါဘူး။ 8/128GB ၊ 6/256GB နဲ့ 12/256GB မော်ဒယ်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ၂,၄၉၉ ယွမ်၊ ၂,၆၉၉ ယွမ်နဲ့ ၂,၉၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၅၂၀,၀၀၀ ၊ ၅၆၀,၀၀၀ နဲ့ ၆၃၀,၀၀၀ အသီးသီး ရှိနိုင်ပါတယ်။ Polar White နဲ့ Glacier Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

realme ရဲ့ ထုံးစံအတိုင်း Realme X50 5G ဟာ တခြား 5G ဖုန်းတွေထက် ဈေးသက်သာနေပါတယ်။ 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်နေမှာပါ။ Dual Punch-hole ဆဲလ်ဖီး ကင်မရာ ၂ လုံးက နောက်ဆုံးပေါ် ဒီဇိုင်းပါ။ 5G ပါတဲ့ Snapdragon 765G Chipset မောင်းနှင်ထားပါတယ်။ 8mm Liquid-cooled Copper Pipe 3.0 ပါတဲ့အတွက် စွမ်းရည်မြင့် ဂိမ်းတွေ ကစားရင် အပူမလွန်ကဲစေပါဘူး။

အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံးထည့်သွင်းထားပါတယ်။ မြင်ကွင်းကျယ် ၊ Zoom နဲ့ အနီးကပ် ဓါတ်ပုံတွေ ရိုက်ပေးတဲ့ ကင်မရာတွေ အကုန် ပါပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားတဲ့အတွက် မာကျောပါတယ်။ 30W VOOC Flash Charge 4.0 က ၃၀ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

realme X50 5G specifications

• 6.57-inch (1080 × 2400 pixels) Full HD+ 20:9 LCD screen with 120Hz refresh rate
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB / 8GB LPDDR4X RAM with 128GB / 256GB (UFS 2.1) storage, 12GB LPDDR4X RAM with 256GB (UFS 2.1) storage
• Android 10 with realme UI
• Dual SIM
• 64MP rear camera with 1/1.72″ Samsung GW1 sensor, 0.8μm pixel size, f/1.8 aperture, LED flash, UIS stabilization, 12MP Telephoto lens with f/2.5 aperture for up to 20x hybrid zoom, 8MP 119° ultra-wide angle lens with f/2.25 aperture, 2MP 4cm macro lens with f/2.4 aperture, 960fps slow-motion
• 16MP front-facing camera with Sony IMX471 sensor, f/2.0 aperture, 1.0μm pixel size, 8MP 105 ° ultra-wide sensor with f/2.2 aperture
• Side-mounted fingerprint sensor
• USB Type-C audio, 1216 Linear Speaker, Dolby Atmos, Hi-Res Audio certification
• Dimensions: 163.8×75.8×8.9mm; Weight: 202g
• 5G SA/ NSA (Optional) / Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, Dual-frequency (L1+L5) (K30 5G), GPS/GLONASS/Beidou, NFC, USB Type-C
• 4200mAh (Typical) / 4100mAh (Minimum) battery with 30W VOOC 4.0 flash charge

Ref : fonearena , gsmarena

%d bloggers like this: